လူနာတွေကို လက်ခံဖို့ ဆေးရုံတွေ ဘယ်နှကြိမ် ငြင်းပယ်သလဲ ဂျပန်အစိုးရ စုံစမ်းလေ့လာမယ်

April 25, 2020 at 7:41 PM

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နေတယ်လို့ သံသယရှိနေရတဲ့ လူတွေကို ဆေးရုံ အများအပြားက လက်ခံဖို့ ငြင်းပယ်နေတယ် ဆိုတဲ့ တင်ပြချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တိုကျိုနဲ့ အခြားမြို့ကြီးတွေက မီးသတ်ဌာန ၅၂ ခုကို မီးဘေးနဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက စစ်တမ်းကောက်ယူမှာ ဖြစ်ပါတယ်။ အဲဒီ စစ်တမ်းမှာ ဆေးရုံ ၄ ရုံနဲ့ အထက်ဆီ အဲဒီဌာနတွေက အရေးပေါ်ကားတွေ ရောက်ပြီးမှ ဘယ်နှကြိမ်လောက် လှည့်ပြန် ခဲ့ရသလဲ ဆိုတာကို မေးမြန်းမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရနိုင်တာကို ကြောက်နေရတဲ့ ကြားထဲက အဖျားရှိပြီး ခက်ခက်ခဲခဲ အသက်ရှူနေရတဲ့ လူနာတွေကို လက်ခံမယ့် ဆေးရုံ ရှာတွေ့ဖို့ အပြင်းအထန် ကြိုးစားနေ ရတယ်လို့ ဆေးဘက် အကူ ဝန်ထမ်းတွေက တင်ပြထားပါတယ်။
ဒီလိုမျိုး စစ်တမ်း ကောက်ယူတာဟာ အဲဒီအေဂျင်စီ အတွက် ပထမဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ SOURCE- NHK