သမိုင်းဝင် Harajuku ဘူတာရုံအဆောက်အဦးအား ဖြိုချဖျက်ဆီးတော့မည်ဖြစ်

သမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်တဲ့ Harajuku ဘူတာရုံအဆောက်အဦးအား 2020 Summer Olympics ပြီးပါက ဖြိုချဖျက်ဆီးတော့မည်ဖြစ်ကြောင်း JR east group မှ((၂၀၁၉)ခုနှစ် နိုဝင်ဘာလ (၁၉)ရက် စနေနေ့တွင် ကြေငြာခဲ့ပါတယ်။ ထိုဘူတာရုံအဆောက်အဦးဟာဆိုရင်တိုကျိုမြို့ရဲ့ သက်တမ်းအရှည်ကြာဆုံး ကျန်ရှိနေတဲ့ ဘူတာရုံဖြစ်ပြီးသစ်သားများဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။ ထို့အပြင်
ဥရောပဆန်တဲ့ဒီဇိုင်းပုံစံကြောင့် ထင်ရှားကျော်ကြားပြီး (၉၅)နှစ်တိုင် ဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဘူတာရုံတစ်ခုဆိုရင်လည်း မမှားပါဘူး။

Source : JapanpropertyCentral

ယခုတွင်တော့ JR east group ဟာ ဘူတာဟောင်းရဲ့ ဘေးနားကပ်လျက်မှာ ဆောက်လုပ်ထားတဲ့ ဘူတာရုံအဆောက်အဦးသစ်ကြီးကိုတော့ ပြုပြင်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး (၂၀၂၀)ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြပါတယ်။
ဘူတာရုံအသစ်ဟာဆိုရင် ယခုမူလဘူတာရုံအဟောင်းဒီဇိုင်းကို အခြေခံပြီး ဆန်းသစ်တဲ့ ဒီဇိုင်းများနဲ့ မီးဘေးဒဏ်ခံနိုင်အောင် ဆောက်လုပ်သွားမှာ ဖြစ်ပြီး သစ်သားဘူတာရုံဟောင်းအနီးတစ်ဝိုက်ရှိ မီးဘေးအန္တရာယ်အတွက် စိတ်မချရသော၊ မသင့်လျော်သောနေရာများအား မီးလောင်မှုဒဏ်ကာကွယ်နိုင်သောနေရာများဖြစ်စေရန် ဆောက်လုပ်ဖန်တီးသွားမှာဖြစ်ပါတယ်။

Harajuku ဘူတာရုံကို (၁၉၀၆)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၂၀)ခုနှစ် Meiji ဘုရားကျောင်း မဖွင့်လှစ်ခင်အချိန်အထိ ထိုဘူတာရုံကို အသုံးပြုခဲ့တဲ့ခရီးသည်ဟာ အနည်းငယ်သာရှိခဲ့ပါတယ်။ သို့သော် လည်း (၂၀၁၈)ခုနှစ်တွင်တော့ နေ့စဉ် ထိုဘူတာရုံကို အသုံးပြုနေတဲ့ ခရီးသည်ဟာ ပျမ်းမျှအားဖြင့် (၇၅,၀၀၀)ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်