ဆက်လက် မိုးကြီးလျက်ရှိတဲ့ တိုးဟိုကုဒေသနဲ့ နိအိဂါ့တခရိုင်

July 29, 2020 at 11:39 AM

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း တိုးဟိုကု ဒေသနဲ့ နိအိဂါ့တ ခရိုင်တွေမှာ ဗုဒ္ဓဟူးနေ့မနက်အထိ မိုးသည်းထန်ဖွယ်ရှိတယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီက ပြောပါတယ်။

အဲဒီ ဧရိယာတွေမှာ မြေပြိုတာနဲ့ ရေလွှမ်းမိုးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလဝသအရာရှိတွေက သတိပေးနေပါတယ်။ မိုးရေချိန်ပမာဏဟာ ဒေသန္တရအာဏာပိုင်တွေအနေနဲ့ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ဖို့နဲ့ ဒေသတွင်းနေထိုင်သူတွေကို ပြင်ဆင်မှုတွေလုပ်ဆောင်ရေး တိုက်တွန်းဖို့ လိုအပ်တဲ့ အနေအထား ဖြစ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။
ဂျပန်မြောက်ပိုင်း ယာမာ့ဂါ့တ ခရိုင်ရဲ့ တချို့နေရာတွေမှာ အင်္ဂါနေ့ ညနေ ၃နာရီအထိ တစ်နာရီအတွင်း ၃၀ မီလီမီတာ ကျော်အောင် မိုးသည်းထန်ခဲ့ပါတယ်။
တိုးဟိုကု ဒေသနဲ့ နိအိဂါ့တ ခရိုင်တွေမှာ တစ်နာရီကို ၅၀ မီလီမီတာကျော် မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်အထိ ၂၄နာရီအတွင်း နိအိဂါ့တ ခရိုင်နဲ့ တိုးဟိုကု ဒေသ တောင်ပိုင်း ဂျပန်ပင်လယ်ကို မျက်နှာမူထားတဲ့ ကမ်းခြေဧရိယာတွေမှာ မိုးရေချိန် ၁၅၀ မီလီမီတာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

SOURCE – JAPAN WEATHER

Tags: