COVID-19 သတင်းအချက်အလက် ဖလှယ်ရေး စနစ် ပြဿနာ ဖြစ်နေ

သတင်းအချက်အလက် ဖလှယ်ရေး စနစ်တစ်ခုကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေရဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းရာမှာ ဂျပန်အစိုးရဟာ ပြဿနာနဲ့ ကြုံတွေ့နေရကြောင်း လေ့လာသိရှိခဲ့ပါတယ်။

ဂျပန် အစိုးရဟာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကို HER-SYS (Health Center Real-time Information-sharing System on COVID-19 ) လို့ အမည်ရတဲ့ သတင်းအချက်အလက် ဖလှယ်ရေး စနစ်ကို အသုံးပြုဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီ စနစ်အောက်မှာ ဆေးကုသရေးဌာနတွေနဲ့ ပြည်သူ့ ကျန်းမာရေးစင်တာတွေက အရာရှိတွေက ဗိုင်းရပ်စ် ကူးစက်ခံထားသူတွေရဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်းပါတယ်။
ပြည်သူ့ ကျန်းမာရေးစင်တာတွေ ဖွင့်လှစ်ထားတဲ့ မြို့ရွာအားလုံးနီးပါး ဒီစနစ်ကို အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစနစ်ကို ပြီးပြည့်စုံတဲ့အထိ မတီထွင်ရသေးတာကြောင့် ရောဂါလက္ခဏာ ပထမဦးဆုံး ပေါ်လာတဲ့ ရက်စွဲနဲ့ ကူးစက်ခံရသူရဲ့ အလုပ်အကိုင် အပါအဝင် သတင်းအချက်အလက်တွေကို သူတို့အနေနဲ့ ကောက်ယူလို့ မရနိုင်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက ဆိုပါတယ်။
ဒီသတင်းအချက်အလက်ဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို လေ့လာသုံးသပ်ရာမှာ လိုအပ်ပါတယ်။
နိုင်ငံပိုင် မီအဲ (Mie) ဆေးရုံ က ကူးစက်ရောဂါဆိုင်ရာ လေ့လာသုံးသပ်မှု ကျွမ်းကျင်သူ တာနိဂုချိ ခီယောစု (Taniguchi Kiyosu) က ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်သူတွေကို ကူးစက်ပျံ့နှံ့သွားခဲ့သလဲဆိုတာ သိရှိနိုင်ဖို့ ဒီအချက်အလက်တွေ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်ဆိုင်ရာ သုံးသပ်မှု မရှိဘဲ ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ချမှတ်ရာမှာ အာဏာပိုင်တွေအနေနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ သူက ဆိုပြီး အလျင်အမြန် တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေကတော့ မြို့ရွာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေနဲ့ တခြား နည်းလမ်းတွေက တစ်ဆင့် ကူးစက်ခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေတာမို့ ဒီပြဿနာကြောင့် တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်