ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက် ပြန်လည် ဖွင့်လှစ်ဖို့ရှိ

၁၉၄၅ ခုနှစ်မှာ ဟီရိုရှီးမားမြို့ကို ဗုံးကြဲခံခဲ့ရတုန်းက ထိခိုက်ပျက်စီး ကျန်ခဲ့တဲ့ အသုံးအဆောင်တွေ ပစ္စည်းတွေကို ပြသထားတဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပြတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၃ လလောက် ပိတ်ထားခဲ့ရပြီး သီတင်း တစ်ပတ်အတွင်း ပြန်ဖွင့်ဖို့ ရှိပါတယ်။

ဂျပန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေတာကြောင့် ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ် ပြတိုက်ကို ဖေဖော်ဝါရီလ အနှောင်းပိုင်းကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဟီရိုရှီးမား မြို့တော်ဝန် မတ်ဆုအိ ခါဇုမိ (Matsui Kazumi) က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြတိုက်ကို ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြတိုက်ထဲကို ၁ နာရီအတွင်းမှာ ဝင်ရမယ့် ဧည့်သည်အရေအတွက် ကန့်သတ်ထားပြီး တစ်ပြိုင်နက်တည်းမှာပဲ လူအများအပြား လာရောက်ကြည့်ရှုနိုင်ဖို့ ပြတိုက်ဖွင့်ချိန်ကို တိုးချဲ့ဖို့ တာဝန်ရှိသူတွေ စဉ်းစားနေပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှာ ကျင်းပမယ့် ဟီရိုရှီးမားမြို့ ဗုံးကြဲခံခဲ့ရတဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း သိသိသာသာ လျှော့ချ ပြီး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း မစ္စတာ မတ်ဆုအိ က ပြောခဲ့ပါတယ်။
ဗဟိုအစိုးရရဲ့ COVID-19 တိုက်ဖျက်ရေး အာရုံစိုက် ဆောင်ရွက်ချက်တွေနဲ့ အတူ ဟီရိုရှီးမားမြို့က ဒီပွဲ ကျင်းပဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နောက်လ အစောပိုင်းမှာ တိတိကျကျ ချပြမယ်လို့ မစ္စတာ မတ်ဆုအိ က ပြောပါတယ်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်