မတ်လထဲ ကျဆင်းသွားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အိမ်ထောင်စု အသုံးစရိတ်

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း မိသားစု အများအပြား အိမ်မှာ နေ နေခဲ့ကြရတဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံက အိမ်ထောင်စု အသုံးစရိတ်တွေဟာ မတ်လမှာ ထိုးကျခဲ့တယ်လို့ သိရပါတယ်။မိသားစုဝင် ၂ ဦး နဲ့ အထက်ရှိတဲ့ အိမ်ထောင်စုတွေရဲ့ ပျမ်းမျှ အသုံးစရိတ်ဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၂၇၅၀ လောက်ပဲ ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကို ကုန်ဈေးနှုန်းနဲ့ ညှိနှိုင်းတွက်ချက်မှု အရက ၂၀၁၉ ခုနှစ် မတ်လကထက် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။
၂၀၁၉ခုနှစ်အောက်တိုဘာနှောင်းပိုင်းမှာ ဂျပန်အစိုးရက စားသုံးခွန် တိုးမြှင့်လိုက်တဲ့အချိန်ကတည်းက ဂျပန်နိုင်ငံ အိမ်ထောင်စုတွေရဲ့ လစဉ် ငွေကြေးသုံးစွဲမှုဟာ လျော့နည်းလာခဲ့ပါတယ်။ခရီးသွားအစီအစဉ်အတွက် သုံးစွဲမှုဟာ မတ်လမှာ ၈၃ ရာခိုင်နှုန်း ထိုးကျခဲ့ပါတယ်။ ဟိုတယ် တည်းခိုးခန်းတွေအတွက် သုံးစွဲမှုကတော့ ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
“ဒီလို သိသိသာသာ ကျဆင်းလာတာဟာ လူတွေကို အိမ်မှာပဲ နေကြဖို့ တောင်းဆိုထားတဲ့ ရလဒ်ကြောင့် ဖြစ်မယ် ထင်တယ်” လို့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Nishimura Yasutoshi က ပြောပါတယ်။ ထို့အပြင် ဒီကိန်းဂဏန်းဟာ အရေးပေါ်အခြေအနေကြောင့် ဧပြီလမှာ ပိုပြီး ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းကြောင်းလည်း သူက ပြောခဲ့ပါတယ်။
SOURCE – Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်