ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ပြန့်ပွားလျက်ရှိသော်လည်း ဂျပန်အများစု ငွေသားလက်ဝယ်ထားရှိမှုကြောင့် ဘဏ်များ အလုပ်များနေဆဲ

April 29, 2020 at 10:55 AM

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်ရန် အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပြီး လူအများအား ဆက်သွယ်မှု လျှော့ချရန် ဂျပန်အစိုးရက တောင်းဆိုထားသော်လည်း နေအိမ်တွင် အလုပ်လုပ်ရင်း အပိုဝင်ငွေ ရှာသူများနှင့် ဂျပန် တွင် နေထိုင်သူအများစုက ငွေကြေး လက်ဝယ်ထားတတ်တဲ့ အကျင့်ကြောင့် ဘဏ်များတွင် လူအဝင်အထွက်များပြီး အလုပ်ရှုပ်နေဆဲ လို့ သိရပါတယ်။
ဧပြီလ ၇ ရက်နေ့မှာ စီရင်စု ၇ စု အပါအဝင် တိုကျိုမြို့တော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုကို နေအိမ်မှတဆင့် အလုပ်လုပ်ပြီး ထိတွေ့ဆက်ဆံမှု ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လျှော့ချဖို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တိုက်တွန်းခဲ့ပေမဲ့ ဂျပန်နိုင်ငံဟာ ဥပဒေအရ မဖြစ်မနေ Lockdown ပြုလုပ်ထားတာမျိုးမရှိခဲ့ပါဘူး။
အရေးပေါ်အခြေအနေကို ဧပြီလ ၁၆ ရက်နေ့အထိ တိုးချဲ့ထားခဲ့ပေမဲ့ မြို့ထဲရှိ နေရာအများစုမှာ လူနေထူထပ်လျက်ရှိတဲ့အပြင် ဘဏ်လုပ်ငန်းတွေဖြစ်တဲ့ Mitsubishi UFJ Financial Group Inc နဲ့ Sumitomo Mitsui Financial Group Inc တို့ရဲ့ စစ်တမ်းအရ ဧပြီလမှာ ဘဏ်များသို့ လူဝင်ထွက်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ သာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို အများစုက ငွေသားကို လက်ဝယ်ထားရှိရတာ ပိုပြီး နှစ်သက်ကြတာမို့ ဘဏ်တွေ တော်တော်များများ အလုပ်ရှုပ်နေရခြင်းပဲဖြစ်ပါတယ်။ “အသက်ကြီးတဲ့ သူတွေကတော့ ငွေကို လက်ထဲမှာပဲထားချင်တာပေါ့။ ပိုလုံခြုံသလို ခံစားရတယ်လေ” ဟု အသက် ၇၉ နှစ်အရွယ် ဟီတိုကို တာကီက MUFG ဘဏ်ခွဲမှာ ပင်စင်ထုတ်ယူနေစဉ်ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ခေတ်ရှေ့ပြေးတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ငွေကြေးအခြေပြု စီးပွားရေး နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ လက်ဝယ်ငွေကြေး မထားရှိခြင်း အချိုးက တောင်ကိုရီးယားနိုင်ငံတွင် ၉၆ ရာခိုင်နှုန်း နှင့် တရုတ်နိုင်ငံတွင် ၆၆ ရာခိုင်နှုန်းတို့ နှင့် ယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအောက်တွင် သာ ရှိတယ်လို့ သိရပါတယ်။
နေအိမ်မှ တဆင့် အလုပ်လုပ်ကိုင်လျက်ရှိသူတွေကလည်း နေအိမ်မှတဆင့် အလုပ်လုပ်ကိုင်နိုင်လာတာကြောင့် အပိုဝင်ငွေ ရှာနိုင်လာကြပြီး ငွေကြေးကို နီးစပ်ရာ ဘဏ်ခွဲများကနေ ထုတ်ယူနေလျက်ရှိပါတယ်။ ဂျပန်နိုင်ငံသားတော်တော်များများက အွန်လိုင်း ဘဏ်စနစ် အစား ငွေကြေးထုတ်ယူသုံးစွဲမှု မှတ်တမ်းထားရှိချင်တာကြောင့် ဘဏ်စာအုပ်ကိုသာ အလေးထားနေသေးတယ်လို့ သိရပါတယ်။
SOURCE – Japan Today