ဂျပန်ရဲတပ်ဖွဲ့က ညကလပ်များကို ဝင်ရောက်စစ်ဆေးဖွယ်ရှိ

July 20, 2020 at 6:27 PM

ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နှိမ်နင်းရေးဆောင်ရွက်ချက်တွေကို ဘားတွေနဲ့ ညကလပ်တွေ ကြပ်ကြပ်မတ်မတ်လုပ်ကိုင်ရဲ့လားဆိုတာကို ရဲတပ်ဖွဲ့က စစ်ဆေးဖွယ်ရာရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက် ပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ် Suga Yoshihide က ဗိုင်းရပ်စ်ကူးစက်ခံရတဲ့နေရာတွေလို့ အတည်ပြုထားတဲ့ ဘားတွေနဲ့ ညကလပ်တွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောဆိုခဲ့ ပါတယ်။
မစ္စတာ စုဂါ့ က ပြည်သူ့ကျန်းမာရေးဆိုင်ရာဌာနတွေဟာ လိုအပ်တဲ့စစ်ဆေးမှုတွေကို တိတိကျကျလုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ အရွယ်ရောက်သူတွေ ပျော်ပါးတဲ့နေရာတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အပါအဝင် သက်ဆိုင်တဲ့ဥပဒေတွေနဲ့ အညီ အဲဒီနေရာတွေကို စစ်ဆေးဖွယ်ရာရှိတယ်လို့ ပြောပါတယ်။
အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့သက်ဆိုင်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို အသေးစိတ်လုပ်ဆောင်ကြဖို့နဲ့ ဥပဒေနဲ့အညီ လိုက်နာကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းဖွယ်ရာ ရှိတယ်လို့ မစ္စတာ စုဂါ့ က ပြောပါတယ်။ အဲဒီလိုမျိုးဆောင်ရွက်ချက်တွေက ဗိုင်းရပ်စ် နောက်ထပ်ကူးစက် ပြန့်ပွားတာမျိုးကို တားဆီးရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။

SOURCE – Japan Today