ကိုရိုနာဗိုင်းရပ်စ်ကြောင့် Internet Cafes ဆိုင်တွေ ပိတ်သိမ်းလိုက်တဲ့အချိန်မှာ

April 20, 2020 at 10:59 AM

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အရေးပေါ်အခြေအနေ ကြေညာလိုက်တာကြောင့် Pachinko parlors တွေ နဲ့ Internet Café ဆိုင်တွေကို လည်း ပိတ်လိုက်ရပြီဖြစ်ပါတယ်။

အကယ်၍ နောက်ဆုံး ရထား ကို မမှီလိုက်တဲ့အခါမျိုးမှာ Budget Hotel မှာ တစ်ည သွားအိပ်ကြရသလို တစ်ညတာ အချိန်ကုန်ဆုံးဖို့ ဂျပန်နိုင်ငံမှာ နေထိုင်သူတွေက ဈေးတအားချိုတဲ့ internet cafes ဆိုင်တွေကို အသုံးပြုလေ့ ရှိကြပါတယ်။ နောက်ပြီး Internet Cafes ဆိုင်တွေက အိမ်ခြေရာမဲ့ နဲ့ အလုပ်အကိုင် မရှိသူတွေ အိမ်ခန်း မငှားနိုင်လို့ နေထိုင်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။ တိုကျိုမြို့တော်မှာ ရှိတဲ့ Internet Cafes ဆိုင်တွေ မှာ လာရောက်အသုံးပြုသူ လေးဦးမှာ တစ်ဦးက အိမ်ခြေရာမဲ့ ဖြစ်တယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

ရောဂါကူးစက်ပြန့်ပွားနေတဲ့အချိန်မျိုးမှာ Internet Cafes ဆိုင်တွေ ပိတ်လိုက်ရတော့ ဒီလို ဆိုင်တွေမှာ လာ နေကြတဲ့ လူ ဦးရေ ထောင်ပေါင်းများစွာက အိပ်စက်ဖို့ နေရာ မရှိတော့ပဲ အစိုးရက ဘယ်လို အစီအစဉ်မျိုး ရှိမလဲ ဆိုတာကို နိုင်ငံရေး လှုပ်ရှားသူများက မေးခွန်းထုတ်ခဲ့ကြပါတယ်။

ကံကောင်းထောက်မစွာပဲ အစိုးရက အိမ်ခြေရာမဲ့ ဖြစ်နေသူ အတွက် အတွက် ရောဂါကူးစက်ပြန့်ပွားနေတဲ့အချိန်အတောအတွင်း နေထိုင်နိုင်ရေးအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ကနဦး နေထိုင်နိုင်ရေးထောက်ပံ့မှု အစီအစဉ်မှာ အစိုးရက အိမ်ခြေရာမဲ့တွေအတွက် နေထိုင်နိုင်ရန် နေရာ ၄၀၀ ကျော်ကို ငှားရမ်းပေးသွားမှာ ဖြစ်ပြီး ပြည်တွင်း ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုကိုလည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။

အားကစား စင်တာများတွင် အင်တာနက်ဆိုင် ပိတ်သွားသောကြောင့် နေထိုင်ရန်အခက်အခဲရှိသူများအတွက် အစိုးရက အားကစားစင်တာများတွင် ခေတ္တနေထိုင်နိုင်ရန် စီမံပေးထားပုံ

မှတ်ပုံတင်မရှိတဲ့ အိမ်ခြေရာမဲ့များမှာမူ ဘဏ်စာရင်း၊ တခြားတရားဝင်စာရွက်စာတမ်းများ လုပ်ရန် အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် အဝေးပြေးဂုံးကျော်တံတားအောက်တွေနဲ့ ရထားဘူတာရုံတွေမှာ နေထိုင်လျက်ရှိကြောင်းသိရပါတယ်။

SOURCE – soranews24