အပန်းဖြေဥယျာဉ်တွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ ဂျပန်

ဂျပန် ပျော်စရာ ပွဲတော်တွေ တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ်လာတာအချိန်မှာ အပန်းဖြေ စခန်းနဲ့ ဥယျာဉ်တွေက ဗိုင်းရပ်စ် ပိုးကို ကာကွယ်ဖို့ ပူးတွဲလမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ပူးတွဲလမ်းညွှန်ချက် အသစ်တွေမှာ ဝန်ထမ်းအားလုံး အချိန်ပြည့် မျက်နှာဖုံး တပ်ထားရန်၊ တိရစ္ဆာန် Mascots တွေနဲ့ စူပါဟီးရိုး ကဲ့သို့ ဝတ်စားဆင်ယင်သူတွေ က လည်ပတ်သူတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မပြုလုပ်ဖို့ တားမြစ်ထားတဲ့ အပြင် Virtual Reality ဖျော်ဖြေရေး နေရာများတွင်လည်း အထူးမျက်မှန်ကို အပြည့်အဝ သန့်ရှင်းပြီးမှ အသုံးပြုဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ပူးတွဲလမ်းညွှန်ချက်တွေက Corona Virus ကူးစက်မှုကို ပပျောက်တဲ့အထိ တိုက်ဖျက်နိုင်မှာ မဟုတ်ပေမဲ့ ရောဂါ ကူးစက်မှု အန ္တရာယ် ကို လျှော့ချ ပေးသွားမှာ ဖြစ်တယ်လို့ ပန်းခြံ အရာရှိဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ ရဲ့ အကျော်ကြားဆုံး သော ဥယျာဉ် တွေ ဖြစ်တဲ့ Tokyo Disneyland နဲ့ Osaka Universal Studios ကိုတော့ ပြန်လည်ဖွင့်လှစ်ရန် သတ်မှတ်ထားခြင်းမရှိပေ။
SOURCE – Japan Today