Mauritius ကျွန်းအနီး ဆီ တန်ချိန် ၁၀၀၀ ကျော် ယိုစိမ့်မှု ဖြစ်ခဲ့

August 11, 2020 at 5:06 PM

Mitsui O.S.K ကုန်တင်သင်္ဘောလိုင်း ကုမ္ပဏီက ကုန်တင်သင်္ဘောကြီးဟာ အိန္ဒိယသမုဒ္ဒရာထဲရှိ Mauritius ကျွန်းအနီး ဖြတ်သန်းသွားစဉ် ဆီ တန်ချိန် ၁၀၀၀ ကျော် ဇူလိုင်လ ၂၅ရက်နေ့က ယိုစိမ့်ခဲ့တယ်လို့ ပြောပါတယ်။

Nagashiki သင်္ဘောကုမ္ပဏီ က ပိုင်ဆိုင်ပြီး Mitsui O.S.K ကုန်တင်သင်္ဘောလိုင်းကုမ္ပဏီက စင်းလုံးငှားပြေးဆွဲ နေတဲ့ Wakashio ကုန်တင်သင်္ဘောကနေ အိန္ဒိယ သမုဒ္ဒရာထဲကို ဆီ ယိုစိမ့်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီ ကုမ္ပဏီ၂ခု ဟာ တနင်္ဂနွေနေ့က တိုကျိုမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ကုန်တင်သင်္ဘောရဲ့ အနောက်ဘက်မှာရှိတဲ့ ဆီ တိုင်ကီတွေထဲက တစ်ခုဟာ ကြာသပတေးနေ့က အက်ကွဲခဲ့တယ်လို့ သူတို့က ပြောခဲ့ပါတယ်။
သူတို့တွေဟာ အဲဒီကုန်တင်င်္ဘောကနေ သမုဒ္ဒရာထဲကို ယိုစိမ့်ထွက်နေတဲ့ ဆီ တွေကိုသိမ်းဆည်းဖို့ နဲ့ သမုဒ္ဒရာထဲ မပျံ့သွားအောင် ကာကွယ်တဲ့ ဆီ အရံအတားတွေ တည်ဆောက်ပြီး သန္တာကျောက်တန်းတွေမှာ နေထိုင်ကျက်စားနေကြတဲ့ ပင်လယ်ရေကြက်တွေ နဲ့ တခြား ရှားပါးတဲ့ အဏ္ဏဝါသတ္တဝါတွေကို ကာကွယ်ပေးသွားဖို့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
Mitsui O.S.K ကုန်တင်သင်္ဘောလိုင်းရဲ့ ကိုယ်စားလှယ်ဖြစ်သူ ကုမ္ပဏီ ဒါရိုက်တာ Ono Akihiko က ကုမ္ပဏီအနေနဲ့ မောရစ်ရှကျွန်းနိုင်ငံ နဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဒုက္ခပေးရာရောက်ခဲ့တဲ့အတွက် အလေးအနက်တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကုမ္ပဏီအနေနဲ့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သူက ပြောခဲ့ပါတယ်။
SOURCE – Japan Today

Tags: