ဂျပန် အာကာသယာဉ်မှူး Noguchi အာကာသခရီးစဉ်အတွက် ပြင်ဆင်

August 4, 2020 at 3:25 PM
Official portrait of JAXA astronaut Soichi Noguichi in EMU suit. Photo Date: August 10, 2016. Location: Building 8, Room 183 – Photo Studio. Photographer: Robert Markowitz

ဂျပန် အာကာသယာဉ်မှူး Noguchi Soichi ဟာ Crew Dragon လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင် အာကာသယာဉ်ရဲ့ လုပ်ငန်းအပြည့်အဝဆောင်ရွက်မယ့် ပထမဆုံးခရီးစဉ်အတွက် ပြင်ဆင်နေတယ်လို့ ပြောခဲ့ပါတယ်။

Noguchi ဟာ လူ၂ ဦး လိုက်ပါတဲ့ အဲဒီ အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်းကို အစမ်းသွားရောက်ကာ ကမ္ဘာမြေပြင်ပေါ်ကို ဘေးကင်းစွာနဲ့ ပြန်လာပြီးတဲ့နောက် ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီ SpaceX က တီထွင်ထုတ်လုပ်ထားတဲ့ အဲဒီအာကာသယာဉ်ဟာ တနင်္ဂနွေနေ့က ကမ္ဘာမြေပြင်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲဒီအစမ်းခရီးစဉ်အတွင်းမှာ အာကာသယာဉ်မှူး ၂ ဦးဟာ အာကာသစခန်းမှာ ၂ လ လောက် နေထိုင်ခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကပိုင် အာကာသယာဉ်ရဲ့ ပထမဆုံး အစမ်းခရီးစဉ်ဖြစ်လာခဲ့ပါတယ်။
မစ္စတာ နိုဂူချိ ဟာ စက်တင်ဘာလမှာ အစောဆုံးထွက်ခွာမယ့် အဲဒီ အာကာသယာဉ်ရဲ့ လုပ်ငန်းအပြည့်အဝဆောင်ရွက်မယ့် ပထမဆုံးခရီးစဉ်မှာ လိုက်ပါမယ့်သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။
Noguchi နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် အာကာသယာဉ်မှူးတွေဟာ အာကာသစခန်းကို သွားရောက်မယ့် သူတို့ရဲ့ခရီးစဉ်အတွက် အပြီးသတ် ပြင်ဆင်မှုတွေကို စတင်နေပြီလို့ ပြောခဲ့ပါတယ်။ သူတို့တွေဟာ အာကာသယာဉ် နဲ့ အာကာသယာဉ်မှူးဝတ်စုံတွေကို စစ်ဆေး တာတွေလိုမျိုး ပြင်ဆင်မှုတွေကို ဆောင်ရွက်နေကြပါတယ်။
သူတို့ရဲ့ ခရီးစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နဲ့ လတ်တလော ဂျပန်နိုင်ငံတောင်ပိုင်းမှာ ရေကြီးခဲ့တဲ့ ဒေသတွင်း ဘေးဒုက္ခတွေကို ခံစားနေရတဲ့ ပြည်သူတွေကို စိတ်ဓာတ် ခွန်အားပေးနိုင်ဖို့ မျှော်လင့်ကြောင်း သူက ပြောခဲ့ပါတယ်။

SOURCE – Japan Times

Tags: