ဂျပန်ဘဏ်များနှင့် ငွေသားမဲ့ ပေးချေခြင်းဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီများပူးပေါင်း၍ ‘DIGITAL YEN’ ကို အကောင်အထည်ဖော်ရန် ပြင်ဆင်

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ဂျပန်နိုင်ငံ၏ နာမည်ကြီး ဘဏ်သုံးခုက ငွေသားမဲ့ပေးချေခြင်း ဝန်ဆောင် မှုလုပ်ငန်းဆောင်ရွက်သူများနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့ကို ထူထောင်ခဲ့ပြီး ငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ‘Digital Yen’ အမည်ရ ဒီဂျစ်တယ်လ်မှ တဆင့် ငွေသားပေးချေနိုင်မည့် အစီအစဉ်ကို မိတ်ဆက်အသုံးပြုနိုင်ရေးအတွက် အကောင် အထည်ဖော်ရန် စီစဉ်နေကြသည်။
Railway Operator များက ထုတ် ပေးထားသည့် IC card များနှင့် smartphone application များဖြင့် ငွေသားမဲ့ပေးချေမှုများကို ဂျပန်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုလာကြသည့်အချိန်တွင် သုံးစွဲသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေနိုင်မည့် ဝန်ဆောင်မှုများကို ရရှိစေရန် ဘဏ် လုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းရှင်များ က ၎င်းတို့၏ လုပ်ငန်းစဉ်များကို ချဲ့ထွင်ရန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။
အဆိုပါ ‘Digital Yen’ ကို လွယ်ကူ ချောမွေ့စွာ အသုံးပြုနိုင်ရန် ဂျပန်ဗဟိုဘဏ်က ဥရောပ ဗဟိုဘဏ်နှင့် အခြားသော ဗဟိုဘဏ်များနှင့် ညှိနှိုင်းကာ ဖြစ်နိုင် ချေဆန်းစစ်ချက်များကို ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း ဗဟိုဘဏ်နှင့် နီးစပ် သည့် အသိုင်းအဝိုင်းက ဆိုသည်။ ‘Digital yen’ အသုံးပြုရေး ပူးပေါင်းဆောင်ရွက်သော အဖွဲ့တွင် Mitsubishi UFJ Financial Group Inc.၊ Mizuho Financial Group Inc. နှင့် Sumitomo Mitsui Financial Group Inc. စသည့် အထင်ကရ ငွေရေး ကြေးရေးလုပ်ငန်းအုပ်စုကြီး သုံးစုနှင့် အတူ East Japan Railway Co. the issuer of the Suica IC passenger card နှင့် mobile phone service operator KDDI Corporation တို့ ပူးပေါင်းပါဝင် ကြကြောင်း သိရသည်။
ဂျပန်ဗဟိုဘဏ်၊ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း အေဂျင်စီနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့က အဆိုပါ လုပ်ငန်းအစီ အစဉ်အပေါ် လေ့လာသုံးသပ် အကဲဖြတ် သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး လုပ်ငန်း၏ အဆိုပြုပုံစံကိုလာမည့် ဆောင်းဦးရာသီတွင် အစိုးရနှင့် ဂျပန် ဗဟိုဘဏ်တို့ထံ တင်ပြ ဆောင်ရွက်သွား မည်ဖြစ်သည်။
SOURCE – Japan Times