ဂျပန်က အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံ ကျော် ဘတ်ဂျက်ဖြည့်တင်းမှုဖြင့် စီးပွားရေး တိုးမြှင့်မည်

April 21, 2020 at 8:27 AM

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ်ထိခိုက်မှုကို သက်သာစေဖို့ အတွက် ငွေသား အနေနဲ့ ထောက်ပံ့ပေးဖို့ ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံ ကျော် ထပ်ဆောင်းဘတ်ဂျက်ကို ဂျပန်အစိုးရက တိုးချဲ့မှာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁.၁ ထရီလီယံ တန်ဖိုး ရှိတဲ့ အရေးပေါ်စီးပွားရေးထောက်ပံ့မယ့် ရန်ပုံငွေမှာ ဒေါ်လာ ၂၃၀ ဘီလီယံကျော်ကို ထပ်ဆောင်း ဘတ်ဂျက် အဖြစ်နဲ့ တင်သွင်းမှာ ဖြစ်ပါတယ်။

ကပ်ရောဂါပြန့်ပွားမှုကြောင့် ဝင်ငွေသိသိသာသာကျဆင်းခဲ့တဲ့ အိမ်ထောင်စုတွေကိုပဲ ထောက်ပံ့ပေးမယ် ဆိုတဲ့ငွေကို မပေးတော့ဘဲ အဲဒီအစား နိုင်ငံတွင်းရှိ လူတိုင်းကို ဂျပန်ငွေ ယမ်း တစ်သိန်း (အမေရိကန်ဒေါ်လာ ၉၀၀ ကျော်) ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက အစီအစဉ်ကို ပြန်လည် သုံးသပ်ခဲ့ ပါတယ်။

ဝန်ကြီးအဖွဲ့က အတည်ပြုပြီးသား ဘတ်ဂျက်မူကြမ်းတစ်ခုကို အကြီး အကျယ် အပြောင်းအလဲ ပြုလုပ်ခဲ့တာဟာ ဂျပန်အစိုးရ အတွက်တော့ အင်မတန်မှကို ရှားပါးလှတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ဂျပန်အစိုးရဟာ အခုလို အပြောင်းအလဲ လုပ်ခဲ့တာကြောင့် ဘတ်ဂျက် လိုငွေပြတာကို ဖြည့်ဆည်း ပေးနိုင်ဖို့ အစိုးရဟာ ထပ်ဆောင်း ငွေချေးစာချုပ်တွေ ထုတ်ဝေဖို့ မျှော်မှန်း ထားပါတယ်။ အဲဒီအစီအစဉ်ကို အစောဆုံး လာမယ့်သီတင်းပတ်မှာ အတည်ပြုဖို့ မျှော်လင့်ထားပါတယ်။

SOURCE – Bloomberg