ဟီရိုရှီးမား အာဏာပိုင်များက ရေဒီယိုသတ္တိကြွ မိုးရေ ထိတွေ့ခံခဲ့ရသူတွေ အတွက် အယူခံဝင်

၁၉၄၅ခုနှစ်က အဏုမြူဗုံးကြဲချခံရပြီးနောက် တပြိုင်နက် ရွာသွန်းခဲ့တဲ့ ရေဒီယို သတ္တိကြွ မိုးရေ နဲ့ ထိတွေ့ခဲ့သူတွေကို “ဟီဘကုရှာ” အဏုမြူဗုံးဒဏ်က အသက်ရှင်ကျန်ရစ်သူများအဖြစ် တရားဝင် အသိအမှတ်ပြုဖို့အတွက် ခရိုင်တရားရုံးတစ်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ဟီရိုရှီးမားခရိုင် နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့တွေ က အယူခံဝင်လိုက်ပါတယ်။

ဟီရိုရှီးမားခရိုင်တရားရုံးရဲ့ ပြီးခဲ့တဲ့လက စီရင်ချက်အပေါ် အယူခံဝင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ မှာ ဒေသန္တရ အစိုးရအဖွဲ့တွေက သူတို့တွေရဲ့ အယူခံလျှောက်ထားချက် ကို ဟီရိုရှီးမား အထက်တရားရုံးကို တင်သွင်းခဲ့ပါတယ်။

ဟီရိုရှီးမားမြို့နဲ့ ဟီရိုရှီးမားခရိုင်ကို အဲဒီလိုလျှောက်ထားဖို့ တိုက်တွန်းခဲ့တဲ့ ဗဟိုအစိုးရအဖွဲ့ နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတဲ့နောက် အခုလို ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ တရားရုံးရဲ့ စီရင်ချက်ဟာ သိပ္ပံနည်းကျတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေမရှိဘူးလို့ ဗဟိုအစိုးရအဖွဲ့က ပြောခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့ ဒေသခံအများအပြား နဲ့ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေ ဖြစ်တဲ့ တရားလိုစုစုပေါင်း ၈၄ဦးဟာ ဒေသန္တရအစိုးရ အဖွဲ့တွေကို ၂၀၁၅ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။
သူတို့တွေဟာ “အမည်းရောင်မိုး” လို့ ခေါ်တဲ့ ရေဒီယို သတ္တိကြွ ဒြပ်တွေပါဝင်တဲ့ မိုးရေနဲ့ ထိတွေ့ခဲ့တဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူ “ဟီဘကုရှာ” တွေအဖြစ် အသိအမှတ်ပြုတဲ့ လက်မှတ်ကို ထုတ်ပေးဖို့ သူတို့က တောင်းဆိုခဲ့ပါတယ်။ ဟီဘကုရှာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်တွေရရှိနိုင်ပါတယ်။
အဲဒီ “အမည်းရောင်မိုး” တွေ သဲသဲမဲမဲ ရွာသွန်းခဲ့တဲ့ ဒေသက သူတွေကို ဟီဘကုရှာတွေ နဲ့ တန်းတူ စောင့်ရှောက်မှု ခံစားခွင့်တွေ ရရှိဖို့ခွင့်ပြုထားတဲ့ စနစ်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဒီတရားလိုတွေဟာ အဲဒီဒေသရဲ့ အပြင်မှာရှိခဲ့ကြသူတွေ ဖြစ်ပြီး စောင့်ရှောက်မှု ခံစားခွင့်တွေနဲ့ အကျုံးမဝင်ခဲ့ပါဘူး။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်