ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဂျပန့် ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပွားနေတဲ့ အတောအတွင်း ကုန်ထုတ်လုပ်ငန်းကြီးတွေ အကြား စီးပွားရေးအပေါ် ယုံကြည်မှုဟာ ဆယ်စုနှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်ကို လျော့ကျသွားတယ်လို့ ဂျပန်ဗဟိုဘဏ်ကကောက်ယူတဲ့ သုံးလပတ် တန်ကန်စစ်တမ်းမှာ ပြသနေပါတယ်။

အဲဒီစစ်တမ်းမှာ ဂျပန်က ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ စီးပွားရေးအပေါ် ခံစားချက်ဟာ ဧပြီလကနေ ဇွန်လအထိ ၃လပတ် ကာလမှာ အရင်စစ်တမ်းမှာ အနုတ် ၈မှတ်ရှိရာကနေ အနုတ် ၃၄ မှတ်ကို ကျဆင်းသွားတာ ဖြစ်ပါတယ်။
ဒီ အညွှန်းကိန်းဟာ လုပ်ငန်းအနေအထား ကောင်းတယ်လို့ ပြောတဲ့ ကုမ္ပဏီတွေရဲ့ ရာခိုင်နှုန်းနဲ့ မကောင်းဘူးလို့ ပြောတဲ့ ကုမ္ပဏီတွေရဲ့ ရာခိုင်နှုန်းတွေကို ခြားနားထားတာဖြစ်ပါတယ်။
စီးပွားရေးအပေါ်ခံစားချက် ၃လပတ် အညွှန်းကိန်းဟာ ၆ကြိမ်ဆက်တိုက် ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၀၉ ခုနှစ် ဇွန်လ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။
ဒါဟာ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဧပြီလနဲ့ မေလအတွင်း ပို့ကုန်နဲ့ ထုတ်ကုန်တွေ အလွန်အမင်း ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။
ခရီးသွားနဲ့ လက်လီအရောင်းလုပ်ငန်း လို ထုတ်ကုန်လုပ်ငန်း မဟုတ်တဲ့ ကဏ္ဍတွေမှာတော့ စီးပွားရေးအပေါ် ခံစားချက်ဟာ ၂၅မှတ် ကျဆင်းပြီး အနုတ် ၁၇ မှတ်အထိ ထိုးကျသွားခဲ့ပါတယ်။ လူတွေဟာ အိမ်မှာပဲ အနေများတာကြောင့် ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေ စီးပွားရေးကျဆင်းနေပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်