ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို WHO က ထုတ်ဖော် အတည်ပြုဖို့လိုတယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီး ဆို

May 21, 2020 at 7:58 PM

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ တုံ့ပြန်မှုတွေကို သုံးသပ်ရေး၊ ဒီဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်နဲ့ ကူးစက်မှုလမ်းကြောင်းတွေကို ထုတ်ဖော် အတည်ပြုရေးတွေ အတွက် “မျက်နှာမလိုက်ဘဲ” “လွတ်လပ်တဲ့” အကဲဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန် သင့်တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးက အလေးထားပြောကြားခဲ့ပါတယ်။
ကျန်းမာရေး ဝန်ကြီး Kato Katsunobu က ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ဂျပန်ရဲ့ ကြိုးပမ်းမှုတွေကို WHO ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရှင်းပြခဲ့ပြီး အခုချိန်မှာ ခိုင်မာပြီး ထွက်ပေါက်ရှိတဲ့ ဗျူဟာတစ်ရပ်ကို ချမှတ်ဖို့၊ ကူးစက်မှု စစ်ဆေးရေးနဲ့ ကျန်းမာရေးစနစ်တွေကို တိုးချဲ့ဖို့၊ ရောဂါကုသတဲ့ ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ တီထွင် ထုတ်လုပ်၊ ဖြန်ဖြူးဖို့ စတာတွေက အရေးပါလာလိမ့်မယ်လို့ ဂျပန်က ယုံကြည်ထားကြောင်း သူက ပြောပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ WHO နဲ့ ဒီကပ်ရောဂါကို ကိုင်တွယ်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၈၀ ထုတ်ပေးမယ်လို့ မစ္စတာ ခါ့တို က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီ ညီလာခံမှာ လေ့လာသူအနေနဲ့ တက်ရောက်ခွင့် မရခဲ့တဲ့ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး သူက ရည်ညွှန်းပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက သတင်းအချက်အလက်နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းတွေ စုစည်းရေးဟာ အရေးပါကြောင်း၊ အထူးသဖြင့် ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အောင်အောင်မြင်မြင် ကိုင်တွယ်နေတဲ့ ထိုင်ဝမ်လို ဒေသမျိုးကို နမူနာ ယူသင့်တယ်လို့ သူက ဆိုပါတယ်။
SOURCE – The Asahi Shimbun