ဂျပန်ရှိ မြို့ကြီးတွင် လူစုဝေးနိုင်သည့် အဆောက်အဦများပြန်ပိတ်

June 1, 2020 at 12:10 AM

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Kitakyushu မြို့ တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြန်လည်ဖြစ်ပွားလာခဲ့ပြီးတဲ့နောက် လူအများစုဝေးနိုင်တဲ့အဆောက်အဦ ၁၀၀ ကျော်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ကူးစက်မှုတွေများခဲ့လို့ တစ်နိုင်ငံလုံးမှာ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ထားခဲ့တာကို ရုပ်သိမ်းခဲ့ပြီးတဲ့နောက် မကြာသေးခင်ကမှ အဲဒီအဆောက်အဦတွေ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ခိတာ့ကျူးရှူးမြို့ အုပ်ချုပ်ရေးပိုင်းက အရာရှိတွေက ပြတိုက်တွေ ၊ စာကြည့်တိုက်တွေ နဲ့ တခြားလူစုဝေးနိုင်တဲ့အဆောက်အဦ ၁၁၉ ခုကို မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ ပိတ်ထား လိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့က ပိတ်ခဲ့တဲ့ Kokura Castle အပါအဝင် တခြားအဆောက်အဦ ၄၃ ခုကို ယာယီပိတ်လိုက်တယ်လို့ အဲဒီအရာရှိတွေက အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ခိတာ့ကျူးရှူးမြို့မှာ အတည်ပြုနိုင်တဲ့ ကူးစက်မှု အသစ်တွေ စနေနေ့အထိ ၈ ရက် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၈၅ မှု ရှိပါတယ်။ အဲဒီအထဲမှာမှ ဘယ်ကနေ ဘယ်လို ကူးစက်ခံခဲ့ ရသလဲ ဆိုတာကို နောက်ယောင်ခံ လိုက်လို့မရ တဲ့ ကူးစက်မှုပေါင်း ၃၁ မှု ရှိပါတယ်။
တနင်္ဂနွေနေ့မှာ ပိတ်လိုက်တဲ့ အဆောက်အဦတွေထဲက တစ်ခုကတော့ မြူနီစီပယ်ပိုင် အနုပညာပြတိုက် Kitakyushu Municipal Museum of Art ပဲ ဖြစ်ပါတယ်။ အဲဒီပြတိုက်ဟာ တစ်လခွဲကြာ ပိတ်ခဲ့ရပြီးတဲ့နောက် ပြန်ဖွင့်ခဲ့တာ၁၂ ရက် ပဲရှိ ပါသေးတယ်။
အဲဒီလိုပိတ်တဲ့အကြောင်း အသိပေးချက်ကို ပြတိုက်ဝင်ပေါက် နေရာမှာ ထပ်မံရေးသားကြေညာထားပါတယ်။
ပြတိုက် တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Miyamoto Masahikက အခုလိုဖြစ်ရတာဟာ အင်မတန်ဝမ်းနည်းစရာ ပါပဲ လို့ ပြောပါတယ်။ ပြန်ဖွင့်တဲ့အခါ ဧည့်သည် တွေကို ကောင်းကောင်းကြိုဆိုနိုင်ဖို့ ပြတိုက်ကို ပြင်ဆင်မှုတွေကောင်းကောင်း ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။
ခိတာ့ကျူးရှူးမြို့ အုပ်ချုပ်ရေးပိုင်းက အရာရှိတွေကတော့ အခု ပိတ်လိုက်တဲ့ အဆောက်အဦတွေကို ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာကိုတော့ မြို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အခြေအနေကို စောင့်ကြည့် လေ့လာပြီးမှ ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

SOURCE – Japan Today