ဂျပန်ကို ပြည်ဝင်ခွင့်ပိတ်တဲ့ စာရင်း ၁၀နိုင်ငံကျော် ထပ်တိုး

ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အထောက်အကူ ဖြစ်စေဖို့ ၁၀ နိုင်ငံကျော်က လာတဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ ဂျပန်က စီစဉ်နေပါတယ်။
ဝင်ခွင့်ပိတ်ပင်ထားပြီးတဲ့ နိုင်ငံနဲ့ နယ်မြေဒေသ ၇၃ ခု ထဲကို ဒီနိုင်ငံတွေကို ထပ်တိုးလိုက်မှာ ဖြစ်ပါတယ်။
ရုရှား၊ ဘယ်လာရုစ်၊ ကာတာ၊ (UAE) အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတွေ နဲ့ တခြား နိုင်ငံတွေကို ဂျပန်နိုင်ငံကို မရောက်ခင် ၁၄ ရက်အတွင်း ရောက်ရှိခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် တားမြစ်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရှိရပါတယ်။
အဲဒီ ဒေသတွေအတွက် ကူးစက် ရောဂါဆိုင်ရာ သတိပေးချက်ကို အဆင့် ၃ အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မြှင့်တင်မှာ ဖြစ်ပါတယ်။ ဒါကတော့ ဒီ နိုင်ငံတွေကို ဂျပန်နိုင်ငံသားတွေ အနေနဲ့ ခရီးသွားလာခြင်းမပြုဖို့ အကြံပြုတဲ့အဆင့် ဖြစ်ပါတယ်။
တခြားဒေသတွေအတွက်တော့ ဂျပန်အစိုးရက ထုတ်ပေးထားပြီးသား ဗီဇာတွေကို ပယ်ဖျက်လိုက်ပါတယ်။
ဧပြီလ ကုန်မှာ သက်တမ်းကုန်ဆုံးမယ့် အဲဒီလုပ်ငန်းစဉ်တွေကို ရက်ထပ်တိုးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
SOURCE – Japantoday

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်