ဂျပန်နိုင်ငံတွင် coronavirus ကူးစက်ခံနေရသူတစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း စတင်အတည်ပြု။

February 17, 2020 at 6:27 PM

အသက် (၈၀)အရွယ် coronavirus ကူးစက်ခံနေရတဲ့ အမျိုးသမီးတစ်ဦးဟာ ဖေဖော်ဝါရီလ(၁၃)ရက် ကြာသပတေးနေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။ ထိုသေဆုံးသူအမျိုးသမီးမှာ Tokyo မြို့အနီးရှိ Kanagawa ခရိုင်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံရှိ Coronavirus ကူးစက်ခံရသူများထဲမှ ပထမဦးဆုံး သေဆုံးသွားသော ရောဂါကူးစက်ခံရသူတစ်ဦး ဖြစ်ပါတယ်။

Source : aa.com.tr

ထိုအမျိုးသမီးဟာ ဇန်နဝါရီလ(၂၂)ရက်တွင် စတင်နေမကောင်းဖြစ်ခဲ့ပြီး (၁၀)ရက်အကြာ ဖေဖော်ရီလ (၁)ရက်နေ့တွင် နမိုးနီးယားရောဂါဖြစ်နေသည်ဟု အတည်ပြုခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၁၂)ရက် ဗုဒ္ဓဟူးနေ့တွင်တော့ ထိုအမျိုးသမီးရဲ့အခြေအနေဟာ ပို၍ဆိုးရွားလာခဲ့ပြီး ကြာသပတေးနေ့မနက်အစောပိုင်းတွင် သေဆုံးသွားတာ ဖြစ်ပါတယ်။ထိုနေ့တွင် စစ်ဆေးထားသည့် ဆေးစစ်ချက်များအရ ထိုအမျိုးသမီးဟာ coronavirus ကူးစက်ခံထားရကြောင်း တွေ့ရှိရပြီး ထိုမကြာသေးမီအချိန်ကာလများတွင်လည်း နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းမရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီး၏သမက်မှာ တိုကျိုမြို့တွင်နေထိုင်နေသူ၊ အငှားယာဉ်မောင်းသူတစ်ဦးဖြစ်ပြီး ထိုအမျိုးသားမှာ ဖေဖော်ဝါရီလ (၁၃)ရက် ကြာသပတေးနေ့တွင် Coronavirus ကူးစက်ခံရသည်ဟု အတည်ပြုခံခဲ့ရသူ(၃)ဦးထဲမှ (၁)ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ထိုအငှားယာဉ်မောင်းဖြစ်သူ အမျိုးသားမှာလည်း ဇန်နဝါရီလ (၂၉)ရက်တွင် နေမကောင်းစတင်ဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီလ(၁၃)ရက် ကြာသပတေးနေ့တွင် Coronavirus ကူးစက်ခံရသည်ဟု အတည်ပြုခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ထိုအငှားယာဉ်မောင်းသူဖြစ်သူအမျိုးသားမှ ရောဂါလက္ခဏာများ စတင်မဖြစ်ပွားမီ (၂)ပတ်အလိုတွင် တရုတ်နိုင်ငံရှိ Hubei မြို့နှင့် Zhejiang မြို့များသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများအားပြောကြားခဲ့ပါတယ်။