အတွင်းရေး ပေါက်ကြားနိုင်ဖွယ် စိုးရိမ်ပူပန်မှု ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့မှုကို ခြေရာခံတဲ့ အက်ပလီကေးရှင်း ထုတ်ဝေ

အက်ပလီကေးရှင်းဆော့ဖ်ဝဲလ် ကို ဇွန်လ ၁၉ ရက်နေ့မှာ အခမဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ အက်ပလီကေးရှင်းမှာ အသုံးပြုသူတွေ တစ်ဦးနဲ့တစ်ဦးအကြား သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုအတွင်းရောက်တဲ့ အချက်အလက်တွေကို သိမ်းဆည်း ထားပါတယ်။
ဒီအက်ပလီကေးရှင်းကို အသုံးပြုသူတွေထဲက မိမိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိကြောင်း သတင်းအချက်အလက်ကို ထည့်သွင်းလိုက်မယ်ဆိုရင် သူနဲ့ တစ်မီတာ အကွာအဝေးအတွင်း အနည်းဆုံး ၁၅ မိနစ်ကြာ ရှိနေခဲ့ဖူးတဲ့ တခြားအသုံးပြုသူတွေ ဆီကို အသိပေးချက်တွေ ပေးပို့မှာ ဖြစ်ပါတယ်။
အချက်အလက်တွေကို အပလီကေးရှင်းမှာ သိမ်းဆည်းထားတာ ၁၄ရက်ကြာရင် ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ်၊ တည်နေရာနဲ့ အသုံးပြုသူ မည်သူမည်ဝါဆိုတာကို ဖော်ပြတဲ့ တခြား အချက်အလက်တွေကို ကောက်ယူသိမ်းဆည်းထားမှာ မဟုတ်ပါဘူး။
ဒီအက်ပလီကေးရှင်းဟာ နိုင်ငံရပ်ခြားမှာ အသုံးပြုနေတဲ့ အလားတူ ဆော့ဖ်ဝဲလ်တွေထက် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုပြီးကာကွယ်နိုင်တယ်လို့ အစိုးရက ပြောပါတယ်။
ဒီအက်ပလီကေးရှင်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့အတွက် အားပေးသွားဖို့ အစိုးရက စီစဉ်ထားပါတယ်။ လူများများအသုံးပြုကြရင် ဗိုင်းရပ်စ်ပိုးကို မြန်မြန်စစ်ဆေး နိုင်ပြီး ကူးစက်ပြန့်ပွားမှုက ကာကွယ်ပေးဖို့ ဦးတည်သွား နိုင်တယ်လို့ အစိုးရက ပြောပါတယ်။

SOURCE – Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်