တရုတ်နိုင်ငံလုံခြုံရေးဆိုင်ရာ ဥပဒေကို စိုးရိမ်ကြောင်း ဂျပန် ထုတ်ဖော်ပြောကြား

ဟောင်ကောင်မှာ နိုင်ငံ့လုံခြုံရေးဥပဒေအသစ်တစ်ခု ပြဋ္ဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေး ၀န်ကြီးကို ပြောကြားလိုက်ပါတယ်။

Motegi Toshimitsu ဟာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တယ်လီဖုန်းကနေ စကားပြောခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ အခုလို စကားပြောခဲ့တာဖြစ်ပါတယ်။
အဲဒီ ဥပဒေဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ တိုးတက်မှုသာမက ဒေသတွင်းက ဂျပန်ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် စိုးရိမ်ကြောင်း မစ္စတာ မိုတဲဂီ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ နှစ်နိုင်ငံအကြား စီးပွားရေးအတွက် ခရီးသွားလာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က ဆွေးနွေးခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ပိုး မရှိကြောင်း စစ်ဆေးထားတယ်ဆိုရင် စီးပွားရေးအရ ခရီးသွားလာမှုတွေကို အပြန်အလှန် ခွင့်ပြုဖို့ မကြာမီ စတင်ဆောင်ရွက်မယ်လို့လည်း ဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။
အရှေ့တရုတ်ပင်လယ်ထဲက Senkaku ကျွန်းစု အနီးက ဂျပန့်ရေပိုင်နက်ထဲကို တရုတ်ကင်းလှည့်ရေယာဉ်တွေ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာ မိုတဲဂီ က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီကျွန်းတွေကို ဂျပန်က ထိန်းချုပ်ထားပါတယ်။ အဲဒီကျွန်းတွေဟာ အစဉ်အဆက် ဂျပန့်ပိုင်နက်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ သဘောထားကို ဂျပန်အစိုးရက ကိုင်စွဲထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့က အဲဒီကျွန်းတွေကို သူတို့ပိုင်ဆိုင်တယ်လို့ အသီးသီးဆိုနေကြပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်