မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူအညီတွေ ရပ်တန့်ဖို့ ဂျပန်စဉ်းစားဖွယ်ရှိ

May 22, 2021 at 8:55 AM

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ လက်ရှိ စီးပွားရေးအကူအညီတွေကို ရပ်တန့်ဖို့ စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို စစ်တပ်က ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံကို ODA ထောက်ပံ့မှု အသစ်ပေးဖို့ အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ယန်းချေးငွေတွေနဲ့ ထောက်ပံ့ရေးအစီအစဉ်ကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ အခြေအနေတွေ အစောဆုံး ပုံမှန်ပြန်ဖြစ်လာစေချင်ကြတယ်လို့ မစ္စတာ Motegi က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခြေအနေက ဒီအတိုင်း ဆက်ဖြစ်နေဦးမယ်ဆိုရင် ဂျပန်အနေနဲ့ လက်ရှိပေးနေတဲ့ အထောက်အပံ့တွေကို ပြန်စဉ်းစားရလိမ့်မယ်လို့ မစ္စတာ Motegi က ပြောပါတယ်။