Corona Virus ကြောင့် နှောင့်နှေး ခဲ့သော်လည်း ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့ အိုဆာကာ က ဂျပန်နိုင်ငံ ပထမဆုံး Esports ဟိုတယ်

July 2, 2020 at 10:04 PM

Esports သမားတွေ အကြိုက်တွေ့စေမဲ့ ဟိုတယ်တစ်ခုကို ဂျပန်နိုင်ငံ Osaka မြို့ Nipponbashi ခရိုင် နာနီဝါ ရပ်ကွက် မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Nipponbashi ခရိုင်က Otaku သမား တွေ ရဲ့ နာမည်ကြီး နေရာတစ်ခုပဲဖြစ်ပါတယ်။

“Esports Hotel e-ZONe,” လို့ နာမည်ပေးထားတဲ့ ဒီ ဟိုတယ်အသစ်မှာ ဂိမ်းကစားသူတွေက မိမိကြိုက်နှစ်သက်တဲ့ ဂိမ်းကို ဆော့ရင်း ညအိပ် အပန်းဖြေနိုင်မှာဖြစ်ပါတယ်။ ဟိုတယ်ကို ဧပြီလ မှာ စတင်ဖွင့်လှစ်သွားဖို့ စီစဉ်ခဲ့ပေမဲ့ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် သုံးလ နောက်ကျ ကာ ဇူလိုင် ၃ ရက်နေ့မှာ မှ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟိုတယ်ခန်းတွေကို Capsule အခန်းကနေ ကိုယ်ပိုင် အခန်း တွေ အထိ တည်းခို နိုင်မှာဖြစ်ပါတယ်။ ဟိုတယ်ထဲကို ဝင်လိုက်တာနဲ့ ဂိမ်းထဲကို ရောက်သွားသလို ခံစားရအောင် ပြင်ဆင်ထားကြောင်း ဟိုတယ်ကို ကြေးစား Esports အားကစားသမားတွေနဲ့ ကျောင်း Esports အသင်းတွေလာရောက် လေ့ကျင့်နိုင်အောင် စက်ပိုင်းဆိုင်ရာကို အကောင်းဆုံး ပြင်ဆင်ထားတယ်လို့သိရပါတယ်။

SOURCE – Asahi Shimbun

Tags: