ဂျပန် အစိုးရက ကျောင်းတွေကို စက်တင်ဘာလမှာ စဖွင့်ဖို့ စဉ်းစားဖွယ်ရှိ

ဂျပန်က ကျောင်းတွေရဲ့ စာသင်နှစ် အစကို ဧပြီလ ကနေ စက်တင်ဘာလကို ပြောင်း မပြောင်း စဉ်းစားရာမှာ အစိုးရအနေနဲ့ အကြံဉာဏ် အမျိုးမျိုးအပေါ်မှာ ချင့်ချိန် သုံးသပ်ပြီး လုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး က ပြောပါတယ်။ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အောက်လွှတ်တော် ဘတ်ဂျက် ကော်မတီ အစည်းအဝေးမှာ အဲဒီလို ပြောင်းလဲမှု ပြုလုပ်ဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး မစ္စတာ အာဘဲက မှတ်ချက်ပြု ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကြောင့် ကျောင်းတွေကို ပိတ်ထားတဲ့ကာလ အချိန်ရှည်ကြာလာနေတဲ့ အတောအတွင်း စာသင်နှစ် စတင်တာကို စက်တင်ဘာလအထိ နောက်ဆုတ်ဖို့ တချို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ အတိုက်အခံ ပါတီတွေက လိုလား နေကြပါတယ်။
တချို့လူတွေက အခြေအနေ မဆိုးအောင် သတိထား လုပ်ဆောင်ဖို့ တောင်းဆိုနေတာ သူသိကြောင်းနဲ့ အမြင်အမျိုးမျိုးကို လေ့လာသုံးသပ် သွားလိုတဲ့ ဆန္ဒရှိကြောင်း မစ္စတာ အာဘဲ က ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။
အစိုးရနဲ့ စာသင်နှစ် အစကို နောက်ဆုတ်ဖို့ ထောက်ခံကြတဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့က အရာရှိတွေက ဒီလို ပြင်ဆင်လိုက်ရင် ကျောင်းတွေ ပိတ်ထားလို့ ဖြစ်ပေါ်လာတဲ့ ပညာရေး အလျဉ်ပြတ်မှုကို ကာမိစေနိုင်ပြီး ပညာရေး အခွင့်အလမ်း ရတာ ကွာဟမှုတွေကို လည်း ဖြေရှင်း ပေးနိုင်မယ်လို့ ပြောပါတယ်။
ဒီပြင်ဆင်မှုဟာ ဆောင်းဦးရာသီမှာ စာသင်နှစ် စတင်ကြတဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ ဂျပန်လူမျိုးတွေ သွားရောက် ပညာ သင်ယူဖို့ လည်း ပိုမို လွယ်ကူ လာစေမယ်လို့ သူတို့က ဆိုပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်