ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူနဲ့ ထိတွေ့မှု နောက်ယောင်ခံ အပလီကေးရှင်း စတင်အသုံးပြုနိုင်ဖို့ ဂျပန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူနဲ့ ထိတွေ့မှုကို နောက်ယောင်ခံ နိုင်မယ့် အပလီကေးရှင်း တစ်ခုကို အခုလကုန်မှာ စတင်အသုံးပြုနိုင်ဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
အဲဒီ အပလီကေးရှင်းက သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုအတွင်းကို ရောက်ရှိလာတဲ့ စမတ်ဖုန်း တစ်လုံးချင်းစီရဲ့ အချက်အလက်တွေကို ရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရတယ်လို့ အတည်ပြုထားသူ တစ်ဦးဦးနဲ့ အနီးကပ် ထိတွေ့မှု ရှိခဲ့ရင် အဲဒီ အပလီကေးရှင်းက သုံးစွဲသူကို သတိပေးမှာ ဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် သတင်း အချက်အလက် နည်းပညာ အသုံးပြုရေး နည်းလမ်းတွေကို ဆွေးနွေးဖို့ သောကြာနေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
လူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာကွယ်ဖို့အတွက် ဖုန်းနံပါတ်နဲ့ တည်နေရာတွေကို နောက်ယောင်ခံထားတဲ့ အချက်အလက်တွေကို အဲဒီအပလီကေးရှင်းက သိမ်းဆည်း မထားသင့်ဘူးလို့ အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအပလီကေးရှင်းကို အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်း အမျိုးအစား တွေရဲ့ လည်ပတ်မှုစနစ်တွေကို အဆင့်မြှင့်နေတယ်လို့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Nishimura Yasutoshi က ပြောပါတယ်။ အဲဒီ အပလီကေးရှင်းကို အခုလကုန်မှာ လက်တွေ့အသုံးပြုသွားနိုင်မယ်လို့ သူမျှော်လင့်ကြောင်း ဝန်ကြီးက ပြောခဲ့ပါတယ်။
SOURCE – Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်