ဂျပန်တစ်ဝန်း အပူရှိန်လွန်ကဲမှု နဲ့ အပူပိုင်းမုန်တိုင်းတွေ ဖြစ်ပွားနိုင်ခြေရှိ

August 10, 2020 at 7:10 PM

ဂျပန်နိုင်ငံ အရှေ့ပိုင်း နဲ့ အနောက်ပိုင်းက ဒေသတစ်ချို့မှာ သြဂုတ်လ ၁၀ ရက်နေ့က နေ့ အပူချိန် ၃၈ဒီဂရီ ဆဲလ်စီးယက်စ် ကျော်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ ရာသီဥတု ဆက်လက်ပူပြင်းနေပါတယ်။

Gifu ခရိုင်ရှိ Tajimi မြို့မှာ တနင်္လာနေ့ မွန်းလွဲ ၂နာရီက အမြင့်ဆုံး နေ့အပူချိန် ၃၈.၆ ဒီဂရီ စံချိန်တင်ခဲ့ပါတယ်။
အဲဒီနောက် ဂျပန့်ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ Toyama မြို့မှာ နေ့ အပူချိန် ၃၈.၄ ဒီဂရီ နဲ့ Osaka ခရိုင်က Yao လေဆိပ်မှာ ၃၈.၂ ဒီဂရီ အသီးသီးရှိခဲ့ပါတယ်။ တိုကျို မြို့လယ်ခေါင်မှာ နေ့ အပူချိန် ၃၅.၂ ဒီဂရီ ရှိခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်း Jangmi ဟာ ဂျပန်အချိန် ညနေ ၆ နာရီမှာ ကိုရီးယားကျွန်းဆွယ်အနီးကနေ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားနေတာကြောင့် Kyushu မြောက်ပိုင်းက ပြည်သူတွေအနေနဲ့ လေပြင်းတိုက်တာ၊ လှိုင်းကြီးတာတွေကို သတိထားကြဖို့ မိုးလေဝသ အရာရှိတွေက တိုက်တွန်းနေပါတယ်။
လေထုထဲမှာ အလွန်မတည်ငြိမ်တဲ့အခြေအနေတွေဖြစ်နေတာ ကြောင့် ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းတာ၊ မိုးကြိုးမုန်တိုင်း နဲ့ လေပြင်းတိုက်ခတ်တာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
SOURCE – Japan Today

Tags: