ဂျပန် စက်ပစ္စည်းအတွက် အမှာစာတွေ ဧပြီလမှာ ၁၂ရာခိုင်နှုန်း ကျဆင်း

ဂျပန်ထုတ် အဓိကကျတဲ့ စက်ပစ္စည်းတွေကို ဝယ်ယူတဲ့ အမှာစာတွေဟာ လအလိုက်ချိန်ညှိထားတဲ့ အခြေခံစာရင်းအရ ဧပြီလမှာ မတ်လကထက် ၁၂% ကျဆင်းခဲ့ပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတွေဆီက စက်ပစ္စည်းအဝယ်အမှာစာတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံလောက်ရှိပြီး ဒါဟာ နှစ်လဆက်တိုက် အဝယ်ကျဆင်းခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့ရုံးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကုန်ထုတ်လုပ်ရေးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေဆီက အမှာစာတွေဟာ မတ်လကထက် ၂၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါဟာ အလားတူ အချက်အလက်တွေ စတင်ကောက်ယူခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီလနောက်ပိုင်းမှာ အနိမ့်ဆုံး ကျဆင်းမှုဖြစ်ပါတယ်။
အခုလိုကျဆင်းခဲ့တာဟာ အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ စာတိုက် လုပ်ငန်းတွေ၊ အင်တာနက်နဲ့တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေမှာလည်း အဝယ်အမှာစာတွေ လျော့နည်းခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒီနယ်ပယ်နှစ်ခုရဲ့အမှာစာတွေဟာ မတ်လမှာ မြင့်တက်ခဲ့ပြီးတဲ့နောက် ဧပြီလမှာ သိသိသာသာ ကျဆင်းခဲ့တာဖြစ်ပါတယ်။
စက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်ကို ၆လအတွင်း ပထမဆုံးအနေနဲ့ အခြေအနေအားနည်းနေတယ်လို့ အစိုးရအဖွဲ့ရုံးက လျှော့ချပြင်ဆင်ခဲ့ပါတယ်။
အဓိကအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကပ်ရောဂါရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ အားပျော့တဲ့ အနေအထား ဖြစ်နေတာကို တွေ့ရတယ်လို့ အစိုးရအဖွဲ့ရုံးက ဆိုပါတယ်။

SOURCE – Nikkei

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်