တရားမဝင် overstay နေထိုင်သူအရေအတွက်များကိုလျှော့ချရန် ဧပြီလမှစတင်၍ ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားကျောင်းသား visaများကို တင်းကြပ်တော့မည်ဖြစ်

February 20, 2020 at 8:58 AM

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား ကျောင်းသားများဟာ visa တရားမဝင်ဘဲ overstay နေထိုင်သူများ များပြားလာခြင်းကြောင့် ဧပြီလမှစတင်၍ကျောင်းသား visa များလက်ခံရာတွင် နိုင်ငံပေါင်းရှစ်ဆယ်မှ ဝင်ခွင့်လျှောက်လွှာ စံနှုန်းသတ်မှတ်ချက်များကို ပို၍ တင်းကြပ်တော့မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ ထိုကဲ့သို့ စည်းမျဉ်းစည်းကမ်း ပြောင်းလဲလိုက်မှုဟာ လွန်ခဲ့တဲ့ နှစ်(၃၀)အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ချမှတ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းများထဲတွင် အကြီးမားဆုံး ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။

ယခုလက်ရှိတွင်တော့ နိုင်ငံ(၇)နိုင်ငံမှ Visa စံနှုန်းသတ်မှတ်ချက်များကို တင်းကြပ်လျက်ရှိပါတယ်။ ထိုကဲ့သို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲလိုက်ခြင်းဟာ ပညာသင်ကြားရန် ခေါင်းစဉ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ဝင်ရောက်လာသူများအတွက် ဝင်ခွင့်ခက်ခဲသွားစေရန် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

Source : resources.relate.co.jp

ဂျပန်နိုင်ငံတွင် အလုပ်သမားဦးရေ မလုံလောက်မှုကြောင့် ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့တဲ့ Specified skilled visa ဖြင့်နိုင်ငံခြားသားများအား ပိုမို၍ အလုပ်ခန့်အပ်နိုင်ရန်အတွက် ကြိုးစားအားထုတ်လျက် ရှိပါတယ်။ ယခုလက်ရှိတွင်တော့ တရုတ်(ဟောင်ကောင်နှင့် တရုတ်နိုင်ငံရှိ ရွေးချယ်သတ်မှတ်ထားသော ဒေသများအပ)၊ဗီယက်နမ်၊နီပေါ၊သီရိလင်္ကာ၊မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊မွန်ဂိုလီးယား အစရှိတဲ့ နိုင်ငံများမှကျောင်းသားများ visa လျှောက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများအပြင် မိမိရရှိထားသော ပညာရေးအသိအမှတ်ပြုလက်မှတ်၊ ဂျပန်တွင် ပညာသင်ကြားနေချိန်တွင် မိမိနိုင်ငံမှ ငွေကြေးဖြင့် ထောက်ပံ့ပေးမည့် မိသားစုဝင်၏ ဘဏ်အကောင့်စာရင်းငွေ ထောက်ခံချက် စာရွက်စာတမ်း ၊ ကျောင်းသားနှင့် မိသားစုဝင်များ၏ ဆွေမျိုးတော်စပ်မှု စာရွက်စာတမ်း အစရှိသဖြင့် အခြား များစွာသော စာရွက်စာတမ်းများ တောင်းခြင်းဖြင့် visa များကို တင်းကြပ်လျက်ရှိပါတယ်။

၂၀၁၉ ခုနှစ်အစတွင် ကျောင်းသားဗီဇာဖြင့် ဂျပန်နိုင်ငံတွင် overstay နေထိုင်နေသော လူဦးရေအရေအတွက်ဟာ ၄၇၀၀ ဦးရှိခဲ့ပါတယ်။၂၀၁၅ ခုနှစ်တွင်တော့ overstay နေထိုင်သူခဲ့သူအရေအတွက်မှာ ၂၈၀၀ ဦးဖြစ်ပြီး ၁.၇ဆခန့် တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် overstay နေထိုင်သူအများဆုံးဖြစ်တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်၊တရုတ်နှင့် တောင်ကိုရီးယားတို့ပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် overstay နေထိုင်သူအများဆုံးဖြစ်တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်၊တရုတ်နှင့် တောင်ကိုရီးယားတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ကျောင်းသားဗီဇာဖြင့် ဂျပန်နိုင်ငံတွင် overstay နေထိုင်သူခဲ့သူအရေအတွက်မှာ ၂၈၀၀ ဦး၊ ၂၀၁၉ ခုနှစ်အစတွင် ၄၇၀၀ ဦးရှိခဲ့ပြီး (၄)နှစ်အတွင်းတွင် ၁.၇ဆခန့်တိုးပွားလာခဲ့ခြင်းပဲဖြစ်ပါတယ်။