ဘဏ္ဍာရေးနဲ့ စီးပွားရေး အခြေခံမှုဝါဒတွေကို ဂျပန်အစိုးရချမှတ်

လာမယ့်နှစ်အတွက် နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးကို စီမံခန့်ခွဲရန် အခြေခံမူဝါဒတွေကို ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။

အဲဒီအထဲမှာ ဒစ်ဂျစ်တယ် အသုံးပြု အလုပ်လုပ်တဲ့ ပုံစံပြင်ဆင်ရန် ပြောင်းလဲမှု အရှိန်မြှင်ဖို့ ကတိပေးထားပါတယ်။ ဒါဟာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ အခြေအနေမှာ ဒစ်ဂျစ်တယ် ကမ္ဘာကြီးရဲ့ ပြောင်းလဲတိုးတက်နေမှုမှာ ဂျပန်ဟာ ဘယ်လောက် နောက်ကျနေသလဲဆိုတာ ပေါ်လွင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
မူဝါဒအသစ်တွေအရ အွန်လိုင်းအသုံးပြု စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ် တွေကို တိုးမြင့်လုပ်ဆောင်လာစေမှာဖြစ်ပြီး စာရွက်စာတမ်းနဲ့ တံဆိပ်တုံးလိုအပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချအဆုံးသတ်သွား စေရေးကို အားပေးသွားမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် အစိုးရဟာ PCR နဲ့ အခြားဓါတ်ခွဲစမ်းသပ်မှုတွေကို အဆင့်မြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ တီထွင်ထုတ်လုပ်‌ရေးကိုလည်း တိုးမြှင့်လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။
စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို တိုကျိုပတ်ဝန်းကျင်မှာပဲ အလွန်အကျွံစုစည်းလုပ်ဆောင်နေတာကို လျှော့ချသွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒေသန္တရ ပြန်လည် အားကောင်းလာစေရေးနဲ့ ကုန်စည် ပံ့ပိုးဖြည့်ဆည်းရေး လမ်းကြောင်းကို အမျိုးမျိုး ဖြန့်ကျက်ရေး အတွက်လည်း လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေက ကတိပေးထားခဲ့တဲ့ ၂၀၂၅ ဘဏ္ဍာရေးနှစ် ကစပြီး အခြေခံဘတ်ဂျက်ကို ပိုလျှံလာအောင် ပြန်လုပ်ဖို့အတွက်တော့ ဘာမှ ဖေါ်ပြမထားပါဘူး။
အဲဒီအစား အစိုးရက ဒီနှစ်မကုန်မီမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး “ပေါင်းစည်းမှု” လို့ သူခေါ်တဲ့ အစီအစဉ်အတွက် ခိုင်မာတဲ့အဆင့်တွေကို ချမှတ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Source – Japan today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်