အလုပ်လုပ်တဲ့ ပုံစံသစ်တွေ တိုးမြှင့်လုပ်ဆောင်သွားမဲ့ LDP ပါတီ

June 1, 2020 at 12:40 PM

ဂျပန်နိုင်ငံ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)က ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ လူ့အဖွဲ့အစည်းအပေါ် ထိခိုက်လာတဲ့ အချက်နဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့ ပုံစံသစ်နဲ့အတူ ဒီဂျစ်တယ်စနစ် မြှင့်တင်ရေးကို ယခုနှစ်ရဲ့ မူဝါဒအသစ်တွေထဲမှာ ထည့်သွင်းစဉ်းစားဖို့ အစိုးရကို တိုက်တွန်းသွား မယ်လို့ သိရပါတယ်။
LDP က အခွန်စနစ် သုတေသနကောင်စီရဲ့ ဥက္ကဌ Amari Akira ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပြီး ဂျပန်လူ့အဖွဲ့အစည်းအတွင်းက ထိရှလွယ်တဲ့ အားနည်းချက်တွေနဲ့ အဲဒါကို တုန့်ပြန်ရေးအတွက် ဖြစ်နိုင်ချေရှိတဲ့ အစီအမံတွေကို လုပ်ဆောင်ခြင်းကနေ နောက်တစ်ကြိမ် တိုင်းပြည်က အကျပ်အတည်း တစ်ခုထပ်ကြုံရချိန်မှာ အဆင်သင့်ဖြစ်စေ မှာဖြစ်ပါတယ်။
အဲဒီ အဖွဲ့က လုပ်ငန်းခွင်ပုံစံအသစ်တွေကို မြှင့်တင်ဖို့၊ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်တင်ဖို့၊ သတင်းအချက်အလက် အခြေခံအဆောက်အအုံများ ကို စနစ်တကျ ပြင်ဆင်ဖို့နဲ့ ကုန်ကြမ်းမှ ကုန်ချောအထိ ပစ္စည်းထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုလုပ်ပုံ အဆင့်ဆင့် ကို ပြန်လည်တည်ဆောက်ဖို့ စတာတွေနဲ့ ပတ်သက်ပြီး လေ့လာ ဆောင်ရွက် သွားဖို့ စီစဉ်ထားပါတယ်။
အခြေခံမူဝါဒတွေထဲမှာ ၎င်းတို့ရဲ့ လေ့လာမှုကနေ ရရှိလာတဲ့ အကြံပြုချက်တွေကို ထည့်သွင်းဖို့အတွက် အစိုးရကို တောင်းဆိုသွားဖို့ သူတို့က စီစဉ်ထားပါတယ်။
အဲဒီအဖွဲ့ဝင်တွေဟာ တင်းမာနေတဲ့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကနေ နိုင်ငံတကာ ဆက်ဆံရေးစနစ် ကို သက်ရောက်စေတဲ့ အချက်တွေ နဲ့ ရေတိုရေရှည်ကာလ အတွင်း ဂျပန်ရဲ့ အခန်း ကဏ္ဍက ဘယ်လို ရှိတယ် ဆိုတဲ့ အချက်တွေ ကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။
“နေအိမ်ကနေ အလုပ်လုပ်ခြင်းနဲ့ နိုင်ငံသား “My Number” မှတ်ပုံတင် နံပါတ် စနစ် အသုံးပြုခြင်း “ တို့ကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ပညာရေး ဝန်ကြီးဟောင်း Shimomura Hakubun၊ LDPရဲ့ အမှုဆောင် တွဲဖက် အတွင်းရေးမှူးချုပ် InadaTomomiနဲ့ အခြားအဖွဲ့တွေက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်ထားပါတယ်။
နိုင်ငံရဲ့ လူမှုအဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုတွေ တိုးမြှင့် လုပ်ဖို့နဲ့ ဘယ်လို နိုင်ငံသစ်မျိုး ဖြစ်ချင်တယ်ဆိုတာကို ရှာဖွေလေ့လာဖို့ လိုအပ်တယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် အစိုးရကို တင်ပြဖို့ မျှော်လင့် နေပါတယ်။

SOURCE – Japan Today

Tags: