ဂျပန်အတိုက်အခံပါတီအသစ် ခေါင်းဆောင် ရွေးချယ်

September 11, 2020 at 6:54 PM

ဂျပန်ရဲ့ အကြီးဆုံးအတိုက်အခံအဖွဲ့ ၂ဖွဲ့ဟာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကို စိန်ခေါ်ဖို့နဲ့ လွှတ်တော်ကို ထိန်းချုပ်ဖို့ ပူးပေါင်းလိုက်ကြပါတယ်။

အဲဒီမဟာမိတ်အဖွဲ့ဟာ Constitutional Democratic Party of Japan အဖွဲ့ရဲ့ အကြီးအကဲ Edano Yukio ကို ခေါင်းဆောင်အဖြစ် ကြာသပတေးနေ့က မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ အကြီးအကဲဖြစ်သူ Edano က “တကယ်လို့ LDP ဟာ ရွေးကောက်ပွဲကျင်းပရေး အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော်အတွင်း ကျွန်တော်တို့နဲ့ ဆွေးနွေးမှုတွေကနေ ရှောင်ထွက်ဖို့ ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြည်သူတွေအတွက် ရွေးချယ်စရာ ပေးဖို့ အဆင်သင့်ပဲ” လို့ ပြောပါတယ်။

မဟာမိတ်အဖွဲ့အသစ်ဟာ Edano Yukio ရဲ့ ပါတီနာမည်ကို အသုံးပြုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပါတီအသစ်ကို မစ္စတာ Edano ရဲ့ ပါတီနဲ့ Democratic Party for the People ပါတီအပြင် တစ်သီးပုဂ္ဂလ အတိုက်အခံအဖွဲ့ဝင်တွေ အပါအဝင် လွှတ်တော်အမတ် ၁၄၉ ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

သူတို့တွေဟာ ပါတီ တရားဝင်စတင် ထူထောင်ဖို့ လာမယ့် အင်္ဂါနေ့မှာ ညီလာခံကျင်းပဖို့ စီစဉ်ထားပါတယ်။
SOURCE – Japan Today

Tags: