ကိုရိုနာဗိုင်းရပ်စ် antigen စမ်းသပ်မှု နဲ့အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းဖို့ မူကြမ်း ဂျပန် ရေးဆွဲ

ဂျပန်အစိုးရက နိုင်ငံရဲ့ တချို့နေရာတွေမှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်တဲ့အခါ သက်ရောက်မှု ရှိလာနိုင်တဲ့ ကန့်သတ်ချက်တွေကို မူကြမ်း ပြောင်းလဲ ရေးဆွဲခဲ့ပါတယ်။

အစိုးရက ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။
အဲဒီအစီအစဉ်မူကြမ်းမှာ အရေးပေါ် အခြေအနေ ကြေညာချက် ရုပ်သိမ်း ခဲ့ရင်တောင်မှ ကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်တဲ့ အခြေခံ လုပ်ဆောင်ချက် တွေကို ဆက်လုပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
လူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အကွာအဝေး တစ်ခု ခြားပြီး ခပ် ဝေးဝေးနေတာ၊ နှာခေါင်းစည်း တပ်ဆင်တာနဲ့ လက်ဆေးတာတွေ ကို နေထိုင်မှုပုံစံအသစ် အဖြစ်နဲ့ ဆက်ပြီး လုပ်ဆောင်ကြဖို့ အဲဒီ မူကြမ်းထဲမှာ ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာမျိုးတွေကို ရှောင်ကြဉ်ဖို့ အထူးသဖြင့် အခုအချိန်အထိ အရေးပေါ် အခြေအနေ ကြေညာချက်အောက်မှာ ရှိတဲ့ ဒေသတွေကို သွားလာတာမျိုးတွေ မလုပ်ဖို့ နဲ့ “အ သုံးလုံး” လို့ ခေါ်တဲ့ အလုံပိတ်နေရာ၊ လူအများ စုဝေးတဲ့နေရာနဲ့ အနီးကပ် ထိတွေ့ဆက်ဆံတာမျိုးတွေကိုလည်း ရှောင်ရှားဖို့ အစိုးရက တောင်းဆို သွားမှာ ဖြစ်ပါတယ်။
အိမ်ကနေ အလုပ်လုပ်တာနဲ့ အလုပ်သွားချိန်တွေ ကို လွှဲပြီး မတူအောင် လုပ်ခြင်းဖြင့် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို လျှော့ချဖို့ ပြည်သူတွေကို ဆက်ပြီး တိုက်တွန်းသွားမယ်လို့လည်း အဲဒီအစီအစဉ် မူကြမ်းမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ antigen (ခန္ဓာကိုယ်မှာ ရောဂါဘယဖြစ်စေတဲ့ ပဋိဇာတ်) တွေကို ပိုပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် စစ်ဆေးပေးနိုင်တဲ့ နည်းလမ်း တစ်ခုကို ဂျပန့် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြု လိုက်တဲ့ ရောဂါ ကူးစက်မှု ရှိမရှိ စမ်းသပ်တဲ့ ကိရိယာကို သုံးစွဲတဲ့ နည်းလမ်းဟာ PCR စမ်းသပ်မှုလိုမျိုး ကျွမ်းကျင်မှု အရည်အသွေးတွေ မလိုအပ်ဘဲ မိနစ် ၃၀ လောက်နဲ့ ရလဒ်ထွက်လာမှာ ဖြစ်ပါတယ်။
ဒီ စမ်းသပ်မှုကို လုပ်ချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းတွေ ကူးစက်ခံရမယ့် အန္တရာယ်တွေ ရှိတာကြောင့် antigen စမ်းသပ်မှုတွေကို လတ်တလော PCR စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး ကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းစဉ်တွေကို စေ့စေ့စပ်စပ် လုပ်ဆောင်နေတဲ့ ဆေးကုသရေးဌာနတွေမှာပဲ ခွင့်ပြု ပေးထားမှာ ဖြစ်ပါတယ်။
အချိန်အတိုင်းအတာ တစ်ခုအထိ ဒီစမ်းသပ်ရေး ကိရိယာသစ်ကို တိုကျို၊ အိုစာကာနဲ့ တခြား ကူးစက်မှု အရေအတွက်မြင့်တဲ့ ဒေသတွေက ဆေးရုံတွေမှာပဲ အဓိကအားဖြင့် သုံးစွဲမှာ ဖြစ်ပါတယ်။
antigen စမ်းသပ်မှုတွေဟာ တိကျမှု နည်းပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမဲ့ မဖော်ထုတ်နိုင်တာမျိုးလည်း ဖြစ်နိုင်ခြေရှိတာကြောင့် ကူးစက်မှုမရှိဘူးလို့ အဖြေထွက်သူတွေကိုလည်း PCR စမ်းသပ်မှု လုပ်ဆောင်မှာ ဖြစ်ပါတယ်။
antigen စမ်းသပ်မှု လုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ဒီစမ်းသပ်မှု ခံယူသင့်သူတွေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖို့ စီစဉ်နေပါတယ််။ SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်