စီစဉ်ထားတဲ့ တရုတ်သမ္မတရဲ့ ဂျပန်ခရီးစဉ် ဖျက်သိမ်းရေး ဂျပန်အာဏာရ ပါတီ လုပ်ဆောင်နေ

July 3, 2020 at 8:25 PM

ဟောင်ကောင်ဆိုင်ရာ နိုင်ငံ့လုံခြုံရေး ဥပဒေတစ်ရပ်ကို တရုတ်က ပြဋ္ဌာန်းပြီးတဲ့နောက် ဂျပန့် အာဏာရ လစ်ဘရယ်ဒီမိုကရက်ပါတီ (LDP) ဟာ စီစဉ်ထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ရဲ့ တရားဝင်ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းရေး လုပ်ဆောင်နေပါတယ်။

မစ္စတာ ရှီ ရဲ့ ခရီးစဉ်ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရက်ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။
LDP က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုမှာ အဲဒီ ဥပဒေ အင်္ဂါနေ့က စတင် အသက်ဝင်လာပြီးနောက် ချက်ချင်းဆိုသလို ဖမ်းဆီးမှုတွေ အများအပြား ရှိလာခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ထဲမှာ အလွန်တရာ စိုးရိမ်ကြောင်း ဖော်ပြထားပြီး အခြေအနေတွေကို မသိကျိုးကျွန် မပြုနိုင်ဘူးလို့ ဆိုထားပါတယ်။
ဂျပန်အစိုးရအနေနဲ့ အဲဒီ ဒေသမှာ ရှိနေတဲ့ မိမိတို့နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ သင့်လျော်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့နဲ့ အဲဒီကနေ ထွက်ခွာလိုသူတွေအတွက် အလုပ်အကိုင်ဗီဇာတွေကို ထုတ်ပေးတာ အပါအဝင် ဟောင်ကောင်ပြည်သူတွေကို ထောက်ပံ့ရေးကိုလည်း စဉ်းစားဖို့ အဲဒီ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

SOURCE – NHK

Tags: