ဂျပန်နိုင်ငံ၏သက်တမ်းအကြာဆုံးဝန်ကြီးချုပ်တစ်ဦးဖြစ်လာတဲ့ Shinzo Abe

December 9, 2019 at 9:55 AM

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Shinzo Abe သည် ဝန်ကြီးချုပ်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၂၀၁၉ ၊ နိုဝင်ဘာလ(၂၀)ရက် ၊ ဗုဒ္ဓဟူးနေ့တွင် ရက်ပေါင်း (၂၈၈၇) ရက်ပြည့် ခဲ့ ပြီဖြစ်ပြီး ဂျပန်နိုင်ငံသမိုင်းမှာသက်တမ်း အကြာဆုံးဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ကတော့ Itou Hirobumi ဖြစ်ပြီး (၁၉၀၉) ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။

https://www3.nhk.or.jp/nhkworld/en/news/20191120_22/

ဝန်ကြီးချုပ် Shinzo Abe ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးမှ ပြန်လည်နှုတ်ထွက်ခဲ့ပါတယ်။ ၅ နှစ်ကြာအနားယူ၍ ၂၀၁၂ ဒီဇင်ဘာလရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံအနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Shinzo Abe က “၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က နောင်တရစရာ အဖြစ်အပျက်များ ရှိခဲ့ပေမဲ့ ယခုတခေါက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ ပပျောက်သွားအောင် ကြိုးစားလုပ်ဆောင်သွားမည်။” ဟု နိုဝင်ဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် media များကို ပြောကြားခဲ့ပါတယ်။

Image Source: Medium