ပွဲလမ်းသဘင်တွေနဲ့ပတ်သက်တဲ့အပေါ် ပညာရှင်တွေရဲ့ သဘောထားကို အစိုးရက ရယူမည်

July 21, 2020 at 1:25 PM

ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးဆိုင်ရာတာဝန်ခံ ဂျပန်ဝန်ကြီးက လူအများလာရောက်တဲ့ပွဲတွေအပေါ် ကန့်သတ်မှုတွေ နောက်ထပ်ဖြေလျှော့မလားဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို အစိုးရက ရယူမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး Nishimura Yasutoshi က စီးပွားရေးလုပ်ငန်းအဖွဲ့ကြီး ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဗီဒီယို ကွန်ဖရင့်မှာ အဲဒီကိစ္စကို ပြောဆိုခဲ့ပါတယ်။
လောလောဆယ်မှာ ပွဲတွေကို တက်ရောက်ခွင့်ပြုတဲ့ အရေအတွက်ကို အများဆုံး ၅၀၀၀ အထိ ကန့်သတ်ထား ပါတယ်။ ဂျပန်အစိုးရဟာ အဲဒီကန့်သတ်ချက်ကို သြဂုတ်လ ၁ ရက်နေ့မှာ ဖယ်ရှားဖို့ စီစဉ်ထားပါတယ်။
အခုသီတင်းပတ်အတွင်းမှာပြုလုပ်မယ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရရဲ့ဆပ်ကော်မတီအစည်းအဝေးမှာ ပညာရှင်တွေရဲ့ သဘောထားအမြင်ကို ကြားနာပြီးတဲ့နောက် ဆုံးဖြတ်ချက်တစ်ခု ကို သတိရှိရှိထားပြီး ချသွားမှာဖြစ်တယ်လို့ မစ္စတာ နိရှိမူရာ့ က ပြောဆိုသွားပါတယ်။
ဝန်ကြီးနိရှိမူရာ့ က ကူးစက်မှုအရေအတွက်ဟာ မြင့်မားတဲ့အဆင့်မှာ ရှိနေဆဲလို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ တက်ရောက်ခွင့်ပြုတဲ့အရေအတွက်ကန့်သတ်ချက်ကို လျှော့ပေးလိုက်ရင် လူတွေဟာ အဲဒီပွဲတွေမစမီနဲ့ ပြီးတဲ့အခါ စုဝေးတာမျိုးတွေလုပ်လာဖွယ်ရာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

SOURCE – NHK