နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ ဂျပန် စီစဉ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတွင်း ပြန်လည် ဝင်ရောက်ခွင့် တားမြစ်ချက်ကို ဖြေလျှော့ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ဂျပန်အစိုးရက နိုင်ငံနဲ့ နယ်မြေပေါင်း ၁၄၆ ခုက နိုင်ငံခြားသားတွေကို ဝင်ရောက်ခွင့် ငြင်းဆိုထားပါတယ်။ အဲဒီကန့်သတ်ချက်တွေထဲမှာ အမြဲတမ်းနေထိုင်ခွင့်ရှိသူနဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း အကျုံးဝင်ပါတယ်။ မီးဖွားခြင်းနဲ့ ဆွေမျိုးတွေရဲ့ ဈာပနအခမ်းအနားအတွက်တော့ ခြွင်းချက်ပေးထားပါတယ်။
ဒါပေမဲ့ လူမှုရေးနဲ့ စီးပွားရေးလှုပ်ရှားမှုတွေ ပြန်စရေး တွန်းအားပေးဖို့ တားမြစ်ချက်တွေ လျှော့ပေါ့ပေးရေး တောင်းဆိုမှုတွေ များပြားလာနေပါတယ်။
အဲဒါကြောင့် အစိုးရက PCR နဲ့ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေနဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်မှာ သီတင်း ၂ ပတ် ကိုယ့်ဘာသာ သီးသန့်ခွဲနေထိုင်တာမျိုး ပြုလုပ်စေပြီး ဒီအခြေအနေနဲ့ ကိုက်ညီတဲ့ နေထိုင်ခွင့်ရသူအားလုံးကို နိုင်ငံတွင်း ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်နေပါတယ်။ အလားတူဆောင်ရွက်ချက်တွေကို လက်ရှိ ဂျပန်လူမျိုး ခရီးသွားတွေအတွက်လည်း ကျင့်သုံးနေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရသူ နိုင်ငံခြားသား ၂.၆ သန်းလောက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်