Covid-19 စစ်ဆေးမှု ရလဒ်စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေအတွက် Narita လေဆိပ်ရဲ့ စက္ကူကတ်ထူပြားအိပ်ယာတွေ

April 13, 2020 at 4:32 PM

Covid-19 စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေအတွက် Narita လေဆိပ် ခရီးသည်အိတ်များ စောင့်ယူရတဲ့ နေရာ ကတော့ စက္ကူကတ်ထူပြားအိပ်ယာ တွေ နဲ့ ဟိုတယ် တစ်ခုလို ဖြစ်နေပါပြီ။

Narita လေဆိပ် က ယာယီပြုလုပ်ပေးထားတဲ့ နေရာလေးက မိသားစုနဲ့ သူငယ်ချင်းတွေက ကိုယ်ပိုင်ကားနဲ့ လာမခေါ်နိုင်တဲ့ နိုင်ငံခြား ခရီးသည်တွေအတွက် စောင့်ဆိုင်းရာ နေရာ တစ်ခု ဖြစ်ပါတယ် လို့ Forbes မှာ ဖော်ပြရေးသားခဲ့ပါတယ်။ ခရီးသည်တွေ ကို အများပြည်သူသယ်ယူပို့ဆောင်ရေး နဲ့ အငှားယာဉ်တွေ အသုံးပြုခွင့် ပိတ်ပင်ထားပြီး Covid-19 စစ်ဆေးမှု ရလဒ်များ မရမချင်း တစ်ရက်မှ နှစ်ရက်နေရလေ့ ရှိပါတယ်။

အောက်ဖော်ပြပါ ဒေသများမှ ပြန်လည်ရောက်ရှိလာသူ ခရီးသည်အားလုံး ကို Quarantine လုပ်ရန် အရေးကြီးသူများအဖြစ် သတ်မှတ်ထားကြောင်း ဂျပန်နိုင်ငံ ရှိ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလှုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ငလျင် နဲ့ ဘေးအန္တရာယ် တွေ ဖြစ်လာတဲ့အခါ လူတွေ အတွက် ယာယီ အသုံးပြုနိုင်ဖို့ အိပ်ရာဘောင်များကို စက္ကူကတ်ထူပြားဖြင့် ပြုလုပ်ထားတဲ့ စက္ကူကတ်ထူပြားအိပ်ယာဒီဇိုင်းတွေကို ပြုလုပ်ခဲ့ပါတယ်။
အိပ်ရာခင်း မွေ့ယာတွေ ပါဝင် တဲ့ စက္ကူကတ်ထူပြားအိပ်ရာတစ်ခု ကို ဂျပန်ငွေ ယန်း ၁၅၀၀၀ ဝန်းကျင် ကုန်ကျ နိုင်တယ်လို့ တွစ်တာအသုံးပြုသူ တစ်ဦးက ရေးတင်ထားပါတယ်။

တိုကျိုမြို့တော် တစ်မြို့တည်းတွင် Covid-19 ရောဂါကူးစက်ခံစားနေရသူ ၂၀၀၀ နီးပါးခန့် ရှိပြီး ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် ၁၄၅ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။

SOURCE – mothership.sg