ဂျပန်က ကျောင်းသူကျောင်းသားတွေအတွက် နွေရာသီကျောင်းပိတ်ရက် အချိန်တိုတောင်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နွေဦးရာသီမှာ ဖျက်သိမ်းခဲ့တဲ့ စာသင်ချိန်တွေကို အစားထိုးဖို့ ဂျပန်နိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် အခုနှစ် နွေရာသီအားလပ်ရက်တွေ အချိန်တိုတောင်းသွားပါတယ်။

ပုံမှန်အားဖြင့် သြဂုတ်လဟာ ကျောင်းပိတ်ရက်တွေ ဖြစ်ပေမဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပညာရေးဘုတ် အဖွဲ့ပေါင်း ၁,၇၀၀ ကျော်က ဆုံးရှုံးသွားတဲ့ စာသင်ချိန်တွေကို ပြန်ဖြည့်ဖို့အတွက် နွေရာသီအားလပ်ရက်တွေကို အချိန်တိုလိုက်ဖို့ စီစဉ်ထားတယ်လို့ ဂျပန်ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
မူလတန်းနဲ့ အလယ်တန်းကျောင်း တော်တော်များများဟာ အရင်က ပိတ်ရက် ၁၆ ရက် အစား ၉ ရက် ပဲ ပိတ်တော့မှာ ဖြစ်ပါတယ်။ တချို့ အထက်တန်းကျောင်းတွေကတော့ ၄ ရက်ပဲ ပိတ်မှာ ဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကူးစက်မှုနဲ့ အပူလျှပ်ဝေဒနာ နှစ်မျိုးစလုံးကို ကာကွယ်တားဆီးဖို့အတွက် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်။ တချို့ကျောင်းတွေက လေအေးပေးစက်တွေကို အသစ် တပ်ဆင်ထားပြီး၊ တချို့ကျောင်းတွေလည်း အတန်းချိန်တွေကို စောစော စတင်ဖို့ လုပ်နေပါတယ်။
တချို့ဧရိယာတွေမှာ ကျောင်းသွား ကျောင်းပြန်အတွင်း လမ်းမှာ နေထိုင်မကောင်းဖြစ်နေပုံရတဲ့ ကျောင်းသူကျောင်းသားတွေကိုတွေ့ရင် ကြည့်ရှုပေးဖို့ ရပ်ကွက်တွင်း နေထိုင်သူတွေကို မှာကြားထားပါတယ်။
တချို့ ဘတ်စကားကုမ္ပဏီတွေက ကလေးငယ်တွေရဲ့ ကျောင်းအသွား အပြန်အတွက် ကူညီဖို့ ယာယီဝန်ဆောင်မှုတွေ ပေးနေပါတယ်။

SOURCE – Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်