ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖျက်ဆီးပစ်လိုက်ရတဲ့အကြောင်းရင်းတွေကို လေ့လာသုံးသပ်သွားဖို့ရှိတဲ့ ဂျပန်အစိုးရ

မြောက်ကိုရီးယားဘက်မှာရှိတဲ့နယ်စပ်မြို့ Kaesong မှာရှိတဲ့ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဇွန်လ ၁၆ ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
အဲဒီရုံးကို ဖျက်ဆီးပစ်ဖို့ရှိတယ်လို့ မြောက်ကိုရီးယား အစိုးရက ကြိုတင်သတိပေးခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးအရတိုက်ခိုက်မှုတွေ ကြီးကြီးမားမားဖြစ်လာစေဖို့ ဦးတည်သွားဖွယ်ရာမရှိဘူးလို့ ဂျပန်အစိုးရအရာရှိတွေက တွက်ဆကြပါတယ်။
သတိပေးချက်ကို ထုတ်ပြန်ခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ Kim Yo Jong ရဲ့ လက်ချက်ဖြစ်တယ်လို့ တချို့အရာရှိတွေက မှတ်ချက်ပြုခဲ့ ပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ Kim Yo Jong က နိုင်ငံတွင်းမှာ သူ့ရဲ့အနေအထားကို ခိုင်ခိုင်မာမာဖြစ်စေဖို့ ရည်ရွယ်ပုံရတယ်လို့ အဲဒီဂျပန်အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်တွေကို လေ့လာသုံးသပ်ရာမှာ ဂျပန်အစိုးရဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု က နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာ အရာရှိတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
မြောက်ကိုရီးယားဟာ နောက်ထပ် ရန်စမှုတွေကို လုပ်မယ်ဆိုရင် ဒေသတွင်းတင်းမာမှုတွေမြင့်တက်လာဖွယ်ရာရှိတာကြောင့် နိုးနိုးကြားကြားရှိနေမယ်ဆိုတာနဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားဖို့ လည်း ဂျပန်အစိုးရက စီစဉ်ထားပါတယ်။
SOURCE – The Asahi Shimbum

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်