နိုင်ငံ ၁၈ နိုင်ငံမှ ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်မည်

June 7, 2020 at 10:58 AM

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဂျပန်ဟာ နောက်ထပ် ၁၈ နိုင်ငံက နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ငြင်းဆန်ဖို့ စီစဉ်နေပါတယ်။

ကျူးဘား နဲ့ လက်ဘနွန် နိုင်ငံတွေအပါအဝင် နိုင်ငံ ၁၈ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းထဲမှာ ဂျပန်က ထည့်သွင်းမှာ ဖြစ်ပါတယ်။ အခုလိုမျိုးထပ်မံတိုးလိုက်တဲ့အတွက် အမေရိကန် ပြည်ထောင်စု၊ ဘရာဇီး နဲ့ ရုရှားတို့အပါအဝင် တားမြစ်ပိတ်ပင်ခံရ တဲ့နိုင်ငံ ၁၁၁ နိုင်ငံရှိရာကနေ ၁၂၉ နိုင်ငံ ဖြစ်လာပါလိမ့်မယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က သတင်း‌ထောက်တွေကို သောကြာနေ့က ပြောဆိုရာမှာ အစိုးရအနေနဲ့ “သင့်တင့်လျောက်ပတ်တဲ့အချိန်မှာ” အဲဒီလိုမျိုးပိတ်ပင်မှုတိုးချဲ့တာကို လုပ်ဆောင်သွားလိုတယ်လို့ ဆိုပါတယ်။
ဒီကူးစက်ရောဂါအတွက် အဲဒီနိုင်ငံတွင်း တပ်လှန့်မှုကို အဆင့် ၃ အထိ ဂျပန်အစိုးရက မြှင့်တင်ခဲ့တာနဲ့ အခုလိုအစီအစဉ်ကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အဆင့် ၃ တပ်လှန့်မှုမှာ ဂျပန်နိုင်ငံသားတွေအနေနဲ့ အဲဒီနိုင်ငံတွေကို မသွားရောက်ဖို့ အကြံပြုတာဖြစ်ပါတယ်။
ထိုင်း သြစတြေးလျ နဲ့ တခြား ၂ နိုင်ငံတို့အပေါ် ပြည်ဝင်ခွင့်ပိတ်ပင်ထား တာကို ဖြေလျှော့ဖို့ ဂျပန်အစိုးရက စဉ်းစားနေပါတယ်။
ကူးစက်မှုတွေကို နှိမ်နင်းရေးဆောင်ရွက်ချက်တွေနဲ့ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ပြန်လည်စတင်ရေးတို့ ဟန်ချက်ညီအောင်လုပ်ဖို့ ဟာ အင်မတန်မှကို အရေးကြီးတယ်လို့ ဝန်ကြီး မိုတဲဂိ က ပြောပါတယ်။ ‌ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးတာတွေ၊ သီးခြားခွဲထုတ်ထားမှုနဲ့ တခြားကိစ္စရပ်တွေအတွက် သင့်တင့်မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ ဂျပန်အစိုးရဟာ စဉ်းစားနေတယ်လို့ သူက ပြောဆိုသွားခဲ့ပါတယ်။
SOURCE – Japan Today