Tokyo နဲ့ အခြား စီရင်စု လေးခု မှာ Corona Virus အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ဂျပန်အစိုးရ စီစဉ်

May 25, 2020 at 11:21 AM

Tokyo နဲ့ အခြားစီရင်စု လေးခုမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု ကို လျှော့ချခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားသည့် Corona Virus နှင့် ဆက်စပ်သော အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို ကို မေလ ၂၅ ရက်နေ့မှာ ဂျပန်အစိုးရက ရုပ်သိမ်းသွားဖွယ်ရှိကြောင်းသိရသည်။
ဝန်ကြီးချုပ် Shinzo Abe က မေလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို အတည်ပြုသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်းရှိ ကျန် ဒေသများကို အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး နောက် Tokyo၊ Chiba၊ Kanagawa နှင့် Saitama အပါအဝင် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ Hokkaido တို့တွင် အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ရည်ရွယ်ထားကြောင်း စီးပွားရေးဝန်ကြီး Nishimura က ပြောကြားခဲ့သည်။
အရေးပေါ်အခြေအနေ ကို ရုပ်သိမ်းပြီးနောက်မှာ တော့ အသွင်ကူးပြောင်းမှု ကာလ တစ်ခု ကို ဂျပန်အစိုးရက သတ်မှတ်သွားမည်ဖြစ်ပြီးး သုံးပတ်တစ်ကြိမ် ရောဂါကူးစက်မှု အခြေအနေကို အကဲဖြတ်သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူအများအား နေအိမ်တွင်သာနေရန်နှင့် လူစုလူဝေးများမှ ရှောင်ရှားရန် တောင်းဆိုချက်များကို ဖြည်းဖြည်းချင်း လျှော့ချသွားမည်ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုကို စီရင်စု တစ်ခု မှ တစ်ခု သို့ ဖြတ်ကျော်သွားလာမှုများကို အတတ်နိုင်ဆုံးမပြုလုပ်ကြရန် မေလကုန်အထိ ဆက်လက်တောင်းဆိုသွားမည်ဟု Nishimura က ပြောကြားခဲ့သည်။

SOURCE – Japan Today