ဂျပန်တွင် စီစဉ်ထားသည့်ပွဲများအပေါ် ကန့်သတ်ချက်များ လျှော့ပေါ့မည်

ဂျပန်အစိုးရဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ ပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပေါ် ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်ချက်ကို အခြေခံပြီး ကန့်သတ်ချက်တွေလျှော့ပေါ့ဖို့ စီစဉ်ထားပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအရေးယူ ဆောင်ရွက်ရေးဆပ်ကော်မတီရဲ့ ပထမဦးဆုံးအစည်းအဝေးကို တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။
လတ်တလောအတည်ပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများအပြားဟာ ငယ်ရွယ်သူတွေကြားမှာဖြစ်တယ်ဆိုတာနဲ့ စိုးရိမ်ရတဲ့ရောဂါလက္ခဏာတွေရှိသူအရေအတွက်ဟာ နည်းပါး လာနေတယ်လို့ ကျွမ်းကျင်သူတွေက တွက်ဆကြပါတယ်။
အခုဆိုရင် ဆေးကုသရေးကို ကောင်းကောင်းပေးနိုင်ပြီဆိုတာနဲ့ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ဧပြီလစောစောပိုင်း ကာလနောက်ပိုင်း အခြေအနေတွေဟာ ပြောင်းလဲလာနေခဲ့ပြီလို့ သူတို့တတွေက ကောက်ချက်ချခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာ ကျင်းပမယ့်ပွဲတွေနဲ့ပတ်သက်ပြီး ကူးစက်ပြန့်ပွားမှုကာကွယ်တဲ့ဆောင်ရွက်ချက်တွေကို သေသေချာချာလုပ်မယ်ဆိုရင် ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးတဲ့အစီအစဉ်ကို အဲဒီကျွမ်းကျင်သူတွေက ထောက်ခံခဲ့ပါတယ်။
ဂျပန်အစိုးရကတော့ ပွဲတစ်ခုကို အများဆုံး တက်ရောက်နိုင်သူ အရေအတွက်ကို လူ ၁၀၀၀ ကနေ လူ ၅၀၀၀ အထိ တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။
ဗိုင်းရပ်စ်နှိမ်နင်းတိုက်ဖျက်ရေးနဲ့ လူမှုစီးပွားဆောင်ရွက်မှုတွေ အကြား ဘယ်လိုချိန်ညှိမလဲဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို ကြားနာပြီး အဲဒီဆပ်ကော်မတီအစည်းအဝေး တစ်ခုကို အစောဆုံး လာမယ့်သီတင်းပတ်အတွင်းကျင်းပဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်