ဂျပန်မှာ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းတွေ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ရှိ

ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေဟာ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းတွေကို တီထွင်ပြီး အလုံးအရင်း ထုတ်လုပ်ဖို့ ပူးပေါင်းဆောင်ရွက်နေတယ်။

နိုင်ငံလုံးဆိုင်ရာ ဦးနှောက်နဲ့ နှလုံးသွေးကြောဆိုင်ရာစင်တာ၊ လေအေးပေးစက်ထုတ်လုပ်တဲ့ Daikin Industries နဲ့ ကျိုတို အခြေစိုက် crossEffect စွန့်ဦးတီထွင် ကုမ္ပဏီတွေက အသက်ရှူရလွယ်တဲ့ နှာခေါင်းစည်းတစ်မျိုးကို ပူးပေါင်း တီထွင်ခဲ့ကြပါတယ်။
ဆေးဘက်ဆိုင်ရာသုံးကိရိယာထုတ်လုပ်တဲ့ Nipro ကုမ္ပဏီက အဲဒီ နှာခေါင်းစည်းတွေ ထုတ်လုပ်ရေးနဲ့ ရောင်းချရေးမှာ တာဝန်ယူဆောင်ရွက်သွားဖို့ ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာမှာ အမှုန်အစက်တွေ မဝင်လာအောင် စစ်ထုတ်ပေးတဲ့ အလွှာတွေပါတဲ့ နှာခေါင်းစည်းတွေရဲ့ ဝယ်လိုအားက တစ်ကမ္ဘာလုံးမှာ မြင့်တက်နေပါတယ်။
ဂျပန်နိုင်ငံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အသုံးပြုတဲ့ နှာခေါင်းစည်း အများစုက တရုတ်နဲ့ တခြားနိုင်ငံတွေကနေ တင်သွင်းတာ ဖြစ်ပြီး ကုန်ပစ္စည်း ပြတ်လပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အသက်ရှူရလွယ်တဲ့ နှာခေါင်းစည်းတွေဟာ ပုံမှန်အားဖြင့် တစ်ခါသုံးဖြစ်ပေမယ့် အခု အသစ် တီထွင်ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားကတော့ ကော်စေးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အမှုန်အစက်တွေ စစ်ထုတ်ပေးတဲ့ ကိရိယာကို အစားထိုး အသုံးပြုနိုင်ပါတယ်။ လာမယ့်နှစ်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

SOURCE – Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်