ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ် ပဋိပစ္စည်း စစ်ဆေးမှု လူ အယောက် တစ်သောင်းခန့်ကို ဇွန်လ မှာ စမ်းသပ် စတင်စမ်းသပ်သွားမည်

May 24, 2020 at 4:56 PM

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ထိ ကူးစက်ပြန့်ပွား နေသလဲ ဆိုတာကို စစ်ဆေးဖို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနဟာ ပဋိပစ္စည်း စစ်ဆေးမှုကို ဇွန်လမှာ စပြီး Tokyo၊ Osaka နဲ့ Miyagi အရှေ့မြောက်ဘက် စီရင်စု တို့ရှိ လူ ဦးရေ တစ်သောင်းခန့်ကို စတင် စစ်ဆေးသွားမယ်လို့ကျန်းမာရေးဝန်ကြီး Kato Katsunobu က ဆိုပါတယ်။
မစ္စတာ Kato ဟာ အဲဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို သောကြာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ပဋိပစ္စည်း စစ်ဆေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းအားဖြင့် ကူးစက်ခံထားရသူ အရေအတွက်နဲ့ ပတ်သက်ပြီး ယူဆချက် တချို့ ရရှိနိုင်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံစားလျက်ရှိသော လူဦးရေ အကြမ်းဖျင်းကို သိရှိပြီး ရောဂါပြန်လည် ဖြစ်ပွားလာခဲ့ပါက ရောဂါကူးစက်ခံရသူအရေအတွက်ကို ခန့်မှန်းနိုင်ရန် အာဏာပိုင်များ က မျှော်လင့်ထားပါတယ်။ ဆေးစစ်ထားတဲ့ရလဒ်တွေကို အခြေခံပြီး ကာကွယ်ဆေး အရေအတွက် ဘယ်လောက်လိုအပ်သွားမလဲဆိုတာကို ခန့်မှန်းနိုင်ရန် အာဏာပိုင်တွေကို ကူညီပေးပါလိမ့်မယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ အဲဒီ အစီအစဉ်ကို ခရိုင် ၃ခု အတွင်း ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲဒီအထဲမှာ အတည်ပြုပြီး ကူးစက်ခံရသူ အမြောက်အမြား ရှိတဲ့ တိုကျို (Tokyo) ၊ အိုစာကာ (Osaka) နဲ့ အဲဒီ ခရိုင်တွေထက် အချိုးအစားအရ ကူးစက်ခံရသူ အရေအတွက် နည်းပါးတဲ့ မိယာဂိ (Miyagi) ခရိုင်တို့ ပါဝင်ပါတယ်။အဲဒီ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အဲဒီ ခရိုင် ၃ ခုအတွင်း ဗိုင်းရပ်စ်ပိုး ဘယ်လောက်ထိ ကူးစက်ပြန့်ပွားနေသလဲ ဆိုတာကို ရှာဖွေစစ်ဆေးဖို့ ဖြစ်ပါတယ်။ ကူးစက်ရောဂါတစ်မျိုးကို လူအများစု ခုခံနိုင်စွမ်း ရှိလာတဲ့ အခါ ဖြစ်တတ်တဲ့ herd immunity ဖြစ်စဉ် ဖြစ်မြောက်လာနိုင်ခြေ ကိုလည်း အဲဒီ အစီအစဉ်က စစ်ဆေးဆောင်ရွက်မှာ ဖြစ်ပါတယ်။
နိုင်ငံအများအပြားမှာ ပဋိပစ္စည်း စစ်ဆေးမှုကို လုပ်ဆောင်နေပါတယ်။ ဂျပန်မှာတော့ တက္ကသိုလ်က သုတေသီတွေဟာ အချက်အလက်တွေကို စတင်စုဆောင်းနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်အစိုးရအနေနဲ့ ပဋိပစ္စည်း စစ်ဆေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဂျပန်အနေနဲ့ ခန္ဓာကိုယ်အတွင်း ပဋိပစ္စည်း ထုတ်လုပ်ပုံနဲ့ ပဋိပစ္စည်းရဲ့ သက်တမ်းကိုလည်း သုတေသန လုပ်စေလိုကြောင်း မစ္စတာ Kato က ပြောပါတယ်။
Source – Japan Today