မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေး အစီအစဉ် ဂျပန်ရုပ်သိမ်းရန်ရှိ

ဂျပန်အစိုးရဟာ နိုင်ငံ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီသီတင်းပတ်ထဲမှာ ကျင်းပဖို့ ရှိပြီး Aegis Ashore လို့ခေါ်တဲ့ မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ် ချထားရေး အစီအစဉ်ကို ရုပ်သိမ်းဖို့ စီစဉ်ထားပါတယ်။
အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ဒုံးကျည်ကာကွယ်ရေးစနစ် ချထားရေး အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး Kono Taro ဟာ အဲဒီ ဆုံးဖြတ်ချက်ကို ရှင်းပြဖို့အတွက် ဒုံးကျည်ကာကွယ်ရေးစနစ် ချထားဖို့ စီစဉ်ထားတဲ့ နေရာတွေထဲက တစ်နေရာဖြစ်တဲ့ Yamaguchi ခရိုင်ကို ဇွန်လ ၁၉ရက်နေ့ က သွားရောက်ခဲ့ပါတယ်။ နောက်ထပ် လျာထားတဲ့ တစ်နေရာ ဖြစ်တဲ့ Akita ခရိုင်ကိုလည်း ဇွန်လ ၂၁ ရက်နေ့ က သွားရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Abe Shinzo နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေဟာ ဒီသီတင်းပတ်ထဲမှာ နိုင်ငံ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပဖွယ်ရှိပြီး ဒုံးကျည်ကာကွယ်ရေးစနစ် ချထားမယ့် အစီအစဉ်ကို ရုပ်သိမ်းဖွယ်ရှိပါတယ်။
လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက် မူကြမ်း အဆိုပြုလွှာတွေတင်သွင်းဖို့ နောက်ဆုံးကာလအဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာလ ကုန်မတိုင်မီ သူတို့တွေဟာ နိုင်ငံ့လုံခြုံရေး မဟာဗျူဟာအတွက် ဦးတည်ချက် အသစ်တစ်ခုကို ချမှတ်ဖို့ ဆန္ဒရှိနေပါတယ်။
Aegis Ashore နေရာမှာ အစားထိုးဖို့ နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု အပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးပြီးနောက်ပိုင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကိစ္စနဲ့ အသိဉာဏ်ပစ္စည်း ဆိုင်ရာမူပိုင်ခွင့် ကာကွယ်ရေးလိုမျိုး စီးပွားရေးဆိုင်ရာ လုံခြုံမှု ကိစ္စတွေကို ဝန်ကြီးတွေဟာ အဓိကထားလို တဲ့ပုံရှိပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ရန်သူ့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ စွမ်းရည်တွေ ရှိသင့် မသင့် ဆိုတဲ့အချက်ကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကိုယ်ပိုင် ကာကွယ်ရေး ဆိုတဲ့ နယ်ပယ် အောက်မှာ တခြားနည်းလမ်းမရှိဘူးဆိုရင် အဲဒီလို စွမ်းရည်မျိုးရှိဖို့ အတွက် သီအိုရီအရ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
အစိုးရက ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်တွေကို ကြားနာဖို့ အပြင် ၂၀၁၃ခုနှစ်ကတည်းက ရေးဆွဲထားခဲ့တဲ့ နိုင်ငံ့လုံခြုံရေးဗျူဟာကို ပထမဆုံးအကြိမ် ပြင်ဆင် ရေးဆွဲဖို့ စီစဉ်နေပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်က ရေးသားပြုစုထားတဲ့ လက်ရှိ နိုင်ငံ့ကာကွယ်ရေးအစီအစဉ် လမ်းညွှန်ချက်တွေကိုလည်း ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားပါတယ်။

SOURCE – JAPAN TIMES

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်