နိုင်ငံခြားက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့ ဂျပန်ကြိုးပမ်း

နိုင်ငံခြားက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ ဦးဆောင်ဖို့ အဖွဲ့တစ်ဖွဲ့ကို ဂျပန့် ကျန်းမာရေး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပါတယ်။

ဂျပန်အတွက် ကာကွယ်ဆေးတွေ ရရှိနိုင်ရေး ကြိုးပမ်းချက် တစ်စိတ်တစ်ဒေသအနေနဲ့ အဲဒီအဖွဲ့နဲ့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေအကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေး ဝန်ကြီး ခါ့တို ခတ်ဆုနိုဘု (Kato Katsunobu) က တနင်္လာနေ့မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မစ္စတာ ခါ့တိုဟာ အဓိက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ညွန့်ပေါင်းဖြစ်တဲ့ ကိုးမေးတိုး (Komeit) ပါတီရဲ့ အရာရှိတွေဆီက အဆိုပြုစာတစ်စောင်ကို လက်ခံခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ အဲဒီလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကိုးမေးတိုးပါတီ အရာရှိတွေက အဲဒီလို ညှိနှိုင်းမှုတွေမှာ ဂျပန်ဟာ အနောက်နိုင်ငံတွေထက် နောက်ကျနေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ သူတို့က တောင်းဆိုခဲ့ပါတယ်။
ဂျပန်မှာ အစောဆုံး နောက်နှစ်အစပိုင်းလောက်ကျရင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရနိုင်မယ်လို့ မစ္စတာ ခါ့တို က ခန့်မှန်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်