ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း ဧပြီလမှာ ၂.၆ ရာခိုင်နှုန်းအထိရှိလာ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဧပြီလမှာ မြင့်တက်လာခဲ့ပါတယ်။ အလုပ်သမားပြတ်လပ်မှုကြောင့် နိုင်ငံတွင်းမှာ အလုပ်လက်မဲ့တွေ အတိုင်းအတာတစ်ခုထိ နည်းပါးနေသော်လည်း နောက်ဆုံး ရရှိထားတဲ့ အချက်အလက်အရ လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှာ ဆိုးရွားတဲ့ အခြေအနေ ကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရာသီအလိုက် ညှိနှိုင်းထားတဲ့ အလုပ်လက်မဲ့နှုန်းဟာ ဧပြီလမှာ ၂.၆ ရာခိုင်နှုန်း ရှိခဲ့ပြီး မတ်လကထက် ဝ.၁ ရာခိုင်နှုန်း တိုးလာခဲ့တာ ဖြစ်တာကြောင့် ၂ လ ဆက်တိုက် အလုပ်လက်မဲ့နှုန်း တိုးလာခဲ့ပါတယ်။
အလုပ်လျှောက်သူတွေ အတွက် ကမ်းလှမ်းမှုတွေရဲ့ အချိုးအစားကလည်း ဧပြီလ အထိ ၄ လ ဆက်တိုက် ကျဆင်းနေပါတယ်။ ဒီအချိုးအစားဟာ ၁.၃၂ ရှိပြီး အလုပ်ရှာဖွေသူ အယောက် ၁၀၀ တိုင်းအတွက် အလုပ်အကိုင် ကမ်းလှမ်းမှု ၁၃၂ ခု ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှာ အလုပ်ကမ်းလှမ်းမှုတွေ ကျဆင်းနေပြီး အထူးသဖြင့် ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ မှာ သိသာပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ဧပြီလက ချမှတ်ခဲ့တဲ့ အရေးပေါ်ကြေညာချက်ဟာ နယ်ပယ် အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
SOURCE – Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်