Corona Virus ကူးစက်ပြန့်ပွားနေစဉ်အတွင်း လူများ လာရောက်လည်ပတ်မှုနှုန်း လျှော့ချရန် ခတ္တာပန်းပင် ရှစ်သိန်းခန့်ကို ဖျက်ဆီးခဲ့

လက်ရှိ အချိန်အတွင်း ပုံမှန်အခြေအနေမျိုးတွင် တိုကျိုမြို့တော် အနီးရှိ Chiba စီရင်စုရှိ Sakura Furusato ရင်ပြင်တွင် Sakura Tulip Festa ပန်းပွဲတော်သို့ တက်ရောက်ရန် စုပြုံရောက်ရှိလာသော ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည့်နှက်နေတတ်သည်။

ဂျပန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့အကြား နှစ်ပေါင်း ၄၀၀ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် ဒတ်ချ် လေရဟတ်စက် အောက်တွင် စိုက်ပျိုးထားသော အရောင်မျိုးစုံနှင့် ခတ္တာပန်းများ ပွင့်သည့် အချိန်တွင် ပွဲတော်ကို နှစ်စဉ် ကျင်းပ လျက်ရှိသည်။
သို့သော် ယခုနှစ်တွင် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ထားခြင်းကြောင့် Corona Virus အမြန်ပြန့်ပွားနေမှုကို ရပ်တန့်ရန် Sakura Tulip Festa ပွဲတော်ကိုလည်း ၂၀၂၀ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း ပန်းများကို လာရောက်ကြည့်ရှုသော ဧည့်သည်ဝင်ရောက်မှုကို တားဆီးနိုင်ခြင်းမရှိသောကြောင့် ယခု လို ပန်းများကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဧပြီလ ၁၄ ရက် နှင့် ၁၅ ရက်နေ့တွင် မြို့တော် နှင့် မြို့တော်ခရီးသွားအသင်း တို့ ညှိုနှိုင်း တိုင်ပင်ခဲ့ပြီးနောက် ခတ္တာပန်းများကို ဖြတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ခတ္တာပန်းများအားလုံးကို ဖျက်ပစ်ရန် ဆုံးဖြတ်ချက်သည် ဝမ်းနည်းဖွယ်ကောင်းလှ သော်လည်း လူများအား လာရောက်လည်ပတ်ခြင်းကို တားဆီးရန် အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အရောင်မျိုးစုံ ဖြင့် ပွင့်နေသော ခတ္တာပန်းများက လူအုပ်ကြီး ဆွဲဆောင်နေသောကြောင့် လက်ရှိ တိုင်းပြည်အတွင်း စိုးရိမ်ဖွယ်ကောင်းသော အခြေအနေတွင် မလွှဲမရှောင်သာ ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ကြရသည်။
ပြည်သူလူထု က အစိုးရ၏ ဆုံးဖြတ်ချက်ကို သဘောတူ ခဲ့ကြပြီး လူ့အသက်ကိုကယ်တင်ရန် စတေးခံခဲ့ရသည့် အပြစ်မရှိ ပန်းခင်းကြီးနှင့် ပန်းပင်များကို ဖျက်ဆီးရန် တာဝန်ယူခဲ့ကြသည့် လယ်သမားများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

SOURCE- soranews24

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်