ဟောင်ကောင်က ဂျပန်ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းက ဥပဒေသစ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေ

July 17, 2020 at 11:41 AM

ဟောင်ကောင်မှာ စီးပွားရေးလုပ်နေတဲ့ ဂျပန်ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဟောင်ကောင်အတွက် ပြဋ္ဌာန်းထားတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံ့လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့ကြတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ဟောင်ကောင်ရုံးခွဲနဲ့၊ ဟောင်ကောင် ဂျပန် ကုန်သည်ကြီးများအသင်းနဲ့ စက်မှုလုပ်ငန်းများ အသင်းက ဇူလိုင်လ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ တောက်လျှောက် စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကုမ္ပဏီပေါင်း ၅၉၈ ခုကို ဆက်သွယ်ခဲ့ပြီး အဲဒီအထဲက ကုမ္ပဏီ ၃၀၄ ခုက တုံ့ပြန်ဖြေကြားခဲ့ကြပါတယ်။
၈၁ ရာခိုင်နှုန်းလောက်က သူတို့တွေအနေနဲ့ ဥပဒေသစ်နဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်တယ် ဒါမှမဟုတ် စိုးရိမ်တယ်လို့ ဖြေခဲ့ကြပါတယ်။ သူတို့ အကြီးမားဆုံး စိုးရိမ်မှုထဲမှာ သတင်းအချက်အလက်လမ်းကြောင်းတွေ အကန့်အသတ်နဲ့ ဖြစ်လာနိုင်ခြေလည်း ပါဝင်ပါတယ်။
၁၄.၅ ရာခိုင်နှုန်းကတော့ သူတို့ကုမ္ပဏီတွေကို ဟောင်ကောင်ကနေ ပြန်ရုပ်သိမ်းမလား၊ လုပ်ငန်းတွေကို လျှော့ချမလား ဒါမှမဟုတ် သူတို့လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ်မလား ဆိုတာတွေ စဉ်းစားနေတယ်လို့ ဖြေခဲ့ကြပါတယ်။

SOURCE – NHK

Tags: